1. Home
  2. International News

မက္ကဆီကို နိုင်ငံက လိပ်ပြာတော

International News มิ.ย. 15, 2559 view 1,548

နှစ်စဉ်နှစ်တိုင်း ကနေဒါနဲ့ အမေရိကန်နိုင်ငံက ကောင်ရေသန်းချီရှိတဲ့ လိပ်ပြာတွေဟာ မိုင်ပေါင်း၂၅၀၀ ကွာဝေးတဲ့ မက္ကဆီကိုနိုင်ငံက Michoacan ဆိုတဲ့ သစ်တောဆီ သွားကြပါတယ်။ အဆိုပါ လိပ်ပြာတွေရဲ့ ဝေးကွာလှတဲ့ ခရီးစဉ်ဟာ ပိုးမွှားတွေရဲ့ ကမ္ဘာ့အကြီးမားဆုံး ပြောင်းရွှေ့နေထိုင်မှုလည်း ဖြစ်ပါတယ်။ လိပ်ပြာတွေဟာ ဒီတောကြီးထဲ ဘယ်လိုလာကြတယ်ဆိုတာ သေချာမသိရသေးပေမဲ့ သံလိုက်စက်ကွင်းတွေအရ ဒီလိုလာနိုင်တာဖြစ်တယ်လို့ အချို့က ထောက်ပြထားပါတယ်။

တောကြီးထဲ ရောက်တဲ့အခါမှာ ပျားတွေ ပျားအုံမှာ စုဖွဲ့နေထိုင်သလိုမျိုး စုပေါင်း အုံဖွဲ့ပြီး နေထိုင်ကြတာဖြစ်ပါတယ်။ အောက်တိုဘာလနှောင်းပိုင်းမှာ ရောက်ရှိလာတဲ့ လိပ်ပြာတွေဟာ ဒီလိုအုံဖွဲ့နေထိုင်ခြင်းကြောင့် ညအချိန် အပူချိန်လျော့ပါးပြီး အလွန်အေးတဲ့အခါ ခံနိုင်ရည်ရှိတာ ဖြစ်ပါတယ်။ အဆိုပါလိပ်ပြာတောကြီးကို မက္ကဆီကို နိုင်ငံက ဥပဒေထုတ်ကာကွယ်ပေးထားပြီး ကမ္ဘာလှည့်ခရီးသည်တွေအကြိုက်တွေ့တဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။

Credit : mayoneyinponepyinmat

မူရင်း - http://www.duwun.com.mm/news/odd/-id5139942.html



Follow us on