1. Home
  2. International News

တရုတ်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရာတွင် ခိုးချသူများကို ဖမ်းဆီးရန် SWAT အဖွဲ့ကို အသုံးပြု

International News มิ.ย. 15, 2559 view 1,620

တရုတ်က တက္ကသိုလ်ဝင်ခွင့်စာမေး ပွဲဖြေဆိုရာတွင် ခိုးချသူများကိုဖမ်းဆီးရန် SWAT အထူးတပ်ဖွဲ့ကို အသုံးပြုစောင့် ကြပ်စေသည့်အပြင် စာခိုးချသူသည် ထောင်ဒဏ်ပင်ကျခံရနိုင်သည်ဟု သိရသည်။ ယခုရက်သတ်္တပတ်တွင်ဖြေဆိုခဲ့သည့် တက်္ကသိုလ်ဝင်ခွင့်စာမေးပွဲမှရရှိ သည့်အမှတ်များဖြင့် ကျောင်းသားများမှာ မည်သည့်တက္ကသိုလ်သို့တက်ရောက် မည်ကို ရွေးချယ်ရမည်ဖြစ်သည်။ ယခုနှစ်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၉ ဒသမ ၄ သန်းရှိပြီး တက္ကသိုလ်များက လူဦးရေ အနည်းငယ်ကိုသာ လက်ခံမည်ဖြစ်သည်။

ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စာခိုးချသူသည် ထောင်ဒဏ်ကျခံရမည်ဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်ခံရနိုင်သည်။ ၎င်းအပြင် ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စာမေးပွဲမေး ခွန်းများကို SWATအဖွဲ့ဝင်များကလိုက်ပါ စောင့်ကြပ် ပို့ဆောင်ပေးခဲ့ရပြီး စာမေးပွဲ ဖြေဆိုသည့် နေရာတစ်ခုစီတွင်လည်း SWATအဖွဲ့ဝင်အနည်းဆုံးရှစ်ယောက် စီချထားသည်ကို မြင်တွေ့ရသည်။ ခေတ် မီစက်ပစ္စည်းကိရိယာများအသုံးပြုကာ စာမေးပွဲဖြေဆိုခြင်း၊ လူစားထိုးစာမေးပွဲဖြေဆိုခြင်းများကို အထူးကြပ်မတ်ဖမ်းဆီးနေသည်ဟု သိရသည်။

Credit : pyimyanmarnews/



Follow us on