1. Home
  2. International News

နီပေါလ်မှာ အကြီးဆုံးကျောင်းသား

International News มิ.ย. 15, 2559 view 1,699

ပညာလို အိုသည်မရှိ ဆိုသလိုပါပဲ။ အသက် ၆၈ နှစ်အရွယ် ဒါဂ ကမီဟာ နီပေါလ်နိုင်ငံမှာ အသက်အကြီးဆုံး ကျောင်းသားဖြစ်လာပါတယ်။ သူဟာ သူ့ရဲ့ပညာရေး ဆုံးခန်းတိုင်အောင် သင်ယူသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆင်းရဲမွဲတေမှုက သူ့ငယ်ဘ၀ ပညာရေးလမ်းကြောင်းကို ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် ခုတော့ သူ့ရဲ့ ပန်းတိုင်းဖြစ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ ပညာရေးလောကကို ခြေပြန်ချနိုင်ခဲ့ပါတယ်။ တောင်ဝှေးတစ်ချောင်း အကူအညီယူလို့ ကျောင်းကို နေ့တိုင်း နာရီနဲ့ကြာအောင် လမ်းလျှောက်ပြီး အသွားပြန်လုပ်ရပါတယ်။ သူက ဆယ်တန်းပါ။ အသက် ၁၄ နှစ် ၁၅ နှစ် သူ့မြေးအရွယ် ကျောင်းသား၊ ကျောင်းသူတွေအလယ်မှာပါ။

“ဘ၀မှာ ကိုယ့်အဖေအရွယ် ကျောင်းသားကို ပြန်သင်ပေးရတာ ပထမဆုံးအတွေ့အကြုံပါပဲ” လို့ ဆရာတွေက ပြောကြပါတယ်။ သူ့အတန်းဖော်တွေက သူ့ကို ‘Baa’ လို့ခေါ်ကြပါတယ်။ မြန်မာလိုတော့ ‘အဖေ’ ပေါ့။ “ကျွန်တော့်ရဲ့ အထီးကျန်မှုတွေ ဖြေသိမ့်နိုင်အောင် ကျောင်းပြန်တတ်ဖြစ်ပါတယ်” လို့ ကမီက ရိုက်တာသတင်းရဲ့ အင်တာဗျူးမှာ ဖြေပါတယ်။ သူ့ဇနီး ဆုံးသွားပြီးတဲ့နောက် အထီးကျန်နေခဲ့ရသူပါ။ အသက်အရွယ်ကြီးပေမယ့် တခြားကျောင်းသားတွေနည်းတူ ကျောင်းကိစ္စအားလုံးကို လုပ်ပါတယ်။ ဗော်လီဘောမှာတောင် သူပါဝင်ပါတယ်။ သူ့အသက်ဆုံးထိ ပညာရေးလောကမှာ ကျင်လည်သွားချင်တယ်၊ တခြားသူတွေကိုလည်း အသက်အရွယ်က ပဓာနမကျဘူး အလုပ်လုပ်ချင်စိတ်က ပဓာနကျတယ်ဆိုတာ ပြောချင်တယ်လို့ သိရပါတယ်။

Credit : https://www.facebook.com/pannpwint/



Follow us on