အသက်ကြီးမှ စတင်ကာ အောင်မြင်သွားတဲ့သူ အမြောက်အများရှိပါတယ်။ Ernestine Shepherd ဆိုတဲ့ အဘွားအိုဟာ ဒါကို သက်သေပြခဲ့ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ဇွန်လ ၁၆ရက်နေ့မှာ အသက် ၈၀ ပြည့်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာလှပတဲ့ သူမရဲ့ပုံစံကို ကြည့်ပြီး အသက် ၈၀ ဆိုတာ လုံးဝ ထင်ရမှာမဟုတ်ပါဘူး။ သူမ ဟာ အသက်ကြီးမှ လေ့ကျင့်ခန်းကို စတင်ခဲ့တာပါ။ တိတိကျကျပြောရရင် အသက် ၅၆ နှစ်မှ စလုပ်ဖူးတာပဲ ဖြစ်ပါတယ်။ အဲဒီကနေ အချိန်မှန် လေ့ကျင့်ခဲ့ပြီး ၂၀၁၀ ၂၀၁၁ မှာ ကမ္ဘာ့အသက်အကြီးဆုံး ခန္ဓာကိုယ်တည်ဆောက်သူ အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
သူမ ဒီလိုပုံစံ ဖြစ်နေရခြင်းက တစ်ပတ်ကို မိုင် ၈၀ ခန့်ပြေးခြင်း ၊ အစားအစာကို မျှတစွာစားသုံးခြင်း (ကြက်ဥပြုတ် ၊ ကြက်သား ၊ ဟင်းသီးဟင်းရွက် နဲ့ ရေများစွာသောက်လေ့ရှိ) နဲ့ နေ့စဉ်လေ့ကျင့်ခန်း လုပ်ခြင့်း  ပျော်ပျော်ရွှင်ရွှင်နေတတ်ခြင်း ကြောင့်ဖြစ်ပါတယ်။ သူမရဲ့ အထူးလျို့ဝှက်ချက်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ သူမဟာ ဘယ်တော့မှလက်မလျှော့တတ်ပါ တဲ့။ ကဲ သင်ရော တစ်ခုခုကို လုပ်ဖို့ စိတ်အားလျှော့နေသလား.. အသက် ၈၀ အဘွားအိုတောင် လုပ်နိုင်သေးရင် သင်လည်းလုပ်နိုင်ရမှာပေါ့….
Credit : thutazone