1. Home
  2. International News

Niagara ရေတံခွန်

International News มิ.ย. 21, 2559 view 1,652

အမေရိကန်နှင့် ကနေဒါနိုင်ငံ နယ်စပ်တွင် ရှိပြီး (Horseshoe ရေတံခွန်၊ American ရေတံခွန် နှင့် Bridal Veil ရေတံခွန်) ရေတံခွန် ၃ ခု ပေါင်းစည်းဖြစ်ပေါ်နေခြင်း ဖြစ်သည်။ အကြီးဆုံး Horseshoe ရေတံခွန်သည် ကနေဒါဘက်အခြမ်းတွင် ရှိပြီး American ရေတံခွန်သည် အမေရိကန်ဘက်အခြမ်းတွင် ရှိသည်။ ၄င်း ရေတံခွန် နှစ်ခုကြားတွင် Goat ကျွန်းဖြင့် ခြားထားသည်။ ရေတံခွန်သည် ၁၆၇ ပေ မြင့်ပြီး Niagara မြစ် စီးဆင်းရာမှ ဖြစ်ပေါ်လာသည်။ ကမ္ဘာ့ ရေစီးအသန်ဆုံး ရေတံခွန်တခု ဖြစ်ပြီး Horseshoe ရေတံခွန်သည် ၂,၆၀၀ ပေ ကျယ်ကာ American ရေတံခွန်သည် ၁,၀၆၀ ပေ ကျယ်သည်။ ရေအားလျှပ်စစ် ထုတ်လုပ်ရာ ရေတံခွန်တခုလည်း ဖြစ်သည်။

Source & Photos : ရင်သပ်ရှုမော အံ့သြဖွယ်ရာများ -https://m.facebook.com/story.php…

Credit : mayoneyinponepyinmat/



Follow us on