1. Home
  2. International News

ဥရောပသမဂ္ဂ( EU) ကနေ ဗြိတိန်နှုတ်ထွက်မယ်

International News มิ.ย. 24, 2559 view 1,724

၁၉၇၃ခုနှစ်က ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံဟာ ၂၀၁၆ခုနှစ် ဇွန်လ ၂၃ရက်နေ့မှာတော့ အီးယူအဖွဲ့ဝင်ထဲ ဆက်ရှိမလား၊ နှုတ်ထွက်မလာမဲပေးရွေးချယ်ခဲ့ရာ ၅၂ရာခိုင်နှုန်းက နှုတ်ထွက်မယ်လို့မဲပေးခဲ့လို့ ဗြိတိန်ဟာ အီးယူကနေထွက်တော့မှာဖြစ် ပါတယ်။ ဗြိတိန်နိုင်ငံအတွင်း ၄လကြာ အကြိတ်အနယ်မဲဆွယ်ပြီးခဲ့တဲ့နောက် မဲပေး မှုတွေကို မနေ့က နံနက် ၇နာရီကနေ ည ၁၀နာရီအထိ ဗြိတိန်နိုင်ငံတစ်ဝှမ်းက မဲရုံပေါင်း ၃၈၂ရုံမှာပြုလုပ်ခဲ့ကြပါတယ်။ ည ၁၀နာရီမှာ မဲရုံတွေပိတ်ပြီး မဲတွေကိုစတင်ရေတွက်ခဲ့ကြရာ အီးယူအဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်မယ့် ( Leave) က မဲအရေအတွက် တစ်သန်းကျော်အထိအသာရခဲ့ပြီး အနိုင်ရသွားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံကို အီးယူကနေထွက်ဖို့ အဓိကမဲဆွယ်စည်းရုံးခဲ့သူ လက်ရှိအာဏာရပါ တီရဲ့ ပါလီမန်အဖွဲ့ဝင်လည်းဖြစ် လန်ဒန်မြို့တော်ဝန်ဟောင်း ဘောရစ်ဂျွန်ဆင်ဖြစ်ပြီး အီးယူအတွင်းမှာ ဆက်ရှိနေစေဖို့ကြိုးစားခဲ့သူက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ဖြစ်ပါတယ်။

မဲတွေရေတွက်နေတဲ့အချိန်အတွင်း အီးယူကနေ နှုတ်ထွက်မယ့် ( Leave ) က မဲအရေအတွက် အသာရနေချိန်မှာ ဗြိတိန်ရဲ့ စတာလင်ပေါင်ဟာ ၁၉ ၈၅ခုနှစ်နောက်ပိုင်း ၃၁နှစ်အတွင်း အဆိုးရွားဆုံးအနေအထားအထိကျဆင်းသွားခဲ့ ပါတယ်။ မဲပေးဖို့ စာရင်းပေးထားသူအရေအတွက် ၄၅.၆သန်းရှိခဲ့ပြီး မဲပေးခဲ့သူအရေ အတွက်က ၇၂ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ အနိုင်ရဖို့လိုအပ်တဲ့ မဲအရေအတွက် ၁၆. ၈သန်းဖြစ်ပြီး ဗြိတိန်စံချိန် နံနက် ၆နာရီမှာတော့ အီးယူကနေနှုတ်ထွက်မယ့် ( Leave) က ၅၂ရာခိုင်နှုန်းရရှိခဲ့ပြီး အနိုင်ရခဲ့ကာ (Remain) ၄၈ရာခိုင်နှုန်းသာရရှိခဲ့ ပါတယ်။ ဗြိတိန်ဟာ အီးယူကနေနှုတ်ထွက်ခွင့်ရခဲ့ပေမယ့် အနည်းဆုံး ၂နှစ်လောက် အချိန်ယူပြီး နိုင်ငံရေးအရ ညှိနှိုင်းပြီးမှ ထွက်ရမှာဖြစ်လို့လောလောဆယ် အီးယူစာချုပ်တွေ ဥပဒေတွေကို ဆက်လိုက်နာရဦးမှာဖြစ်ပါတယ်။

Credit : BBC Burmese



Follow us on