1. Home
  2. International News

အရွယ်အစား တိုးချဲ့ ပြင်ဆင်ထားတဲ့ ပနားမား တူးမြောင်း

International News มิ.ย. 27, 2559 view 1,697

အရွယ်အစား တိုးချဲ့ ပြင်ဆင်ထားတဲ့ ပနားမား တူးမြောင်းကနေ တရုတ် ကုန်သင်္ဘောကြီး တစ်စင်း စတင် ဖြတ်သန်း ခုတ်မောင်း ခဲ့ပြီ ဖြစ်ပါတယ်။ ပနားမား တူးမြောင်းကို ၁၀ နှစ် နီးပါး အချိန်ယူ တိုးချဲ့ ထားတာပါ။ ကုန် သေတ္တာ ကွန်တိန်နာကြီးပေါင်း ၉ ထောင်ကျော် သယ်ဆောင် ထားတဲ့ တရုတ် သင်္ဘောကြီးဟာ ပနာမား တူးမြောင်းထဲကို အတ္တလန္တိတ် သမုဒ္ဒရာ ဘက်ခြမ်း ကနေ ဝင်ရောက် ခဲ့တာ ဖြစ်ပြီး၊ ပစိဖိတ် သမုဒ္ဒရာ ရေပြင်ထဲ ဖြတ်ထွက်မှာ ဖြစ်ပါတယ်။

ပနားမား တူးမြောင်း ချဲ့လိုက်တဲ့ အတွက် တနှစ်ကို ဖြတ်သန်း သွားလာနိုင်တဲ့ သင်္ဘော အရေအတွက် နှစ်ဆမက များပြား လာမှာဖြစ်ပြီး သင်္ဘောလိုင်းတွေ အတွက်လည်း ဒေါ်လာ သန်းထောင်နဲ့ချီပြီး အကုန်အကျ သက်သာ သွားမှာ ဖြစ်ပါတယ်။ ပနားမား နိုင်ငံရဲ့ အဓိက ဝင်ငွေဟာ ပနားမား တူးမြောင်း ဖြတ်သန်းခ ကနေ ရရှိနေပါတယ်။

Credit : BBC Burmese



Follow us on