1. Home
  2. International News

ယူရို ၂၀၁၆ မှာ အင်္ဂလန်အသင်း အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် နည်းပြရာထူးမှ နုတ်ထွက်သွားတဲ့ ရွိုင်းဟော့ဒ်ဆင်

International News มิ.ย. 28, 2559 view 1,622
မနေ့ညက အာလီရန်ဇ် ရီဗီယာရာ ကွင်းမှာ ယဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန် နှင့် အိုက်စ်လန် ၂၀၁၆ ယူရို ရှုံးထွက်ပွဲမှာ လုံးဝအမှတ်မထင်တဲ့ ရလဒ်တွေကိုမြင်တွေ့ခဲ့ ရပါတယ် ။ 
 
၁၉၅၀ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အင်္ဂလန်အသင်း က အမေရိကအသင်းကို အရှက်တကွဲ ရှုံးနိမ့် ခြင်းထက်ပိုပြီး ရှက်စရာကောင်း တဲ့ရှုံးနိမ့်ခြင်းကို အိုက်စလန် ကစားသမား ကိုဘီလိမ် နှင့် ရဂ္ဂနာ တို့မှ ဆောင်ကြဉ်းခဲ့တာပဲဖြစ်ပါတယ် ။
 
ပွဲချိန် ၄ မိနစ်မှာ အင်္ဂလန် အသင်းအတွက် ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင် ရူနီက ပင်နတီမှ တဆင့် သွင်းယူပေးခဲ့ပါတယ် ။
 
ဒါပေမယ့် အနိုင်ဂိုးဟာ (၂) မိနစ်သာကြာမြင့်ခဲ့တာ ဖြစ်ပြီး အိုက်စလန် အသင်းအတွက် ချေပဂိုးကို စီဂါဆန် ရဂ္ဂနာ မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ် ။ 
 
အင်္ဂလန် အသင်းအနေနဲ့ ချေပဂိုးပေးလိုက်ရပြီး (၁၂) မိနစ် အကြာမှာ အိုက်စလန် အသင်းရဲ့ ဦးဆောင်ဂိုးကိုပါ ထပ်မံ ခွင့်ပြုလိုက်ရပါတယ် ။ 
 
အိုက်စလန် အသင်းရဲ့ ဦးဆောင်ဂိုးကိုတော့ ကိုဘီအင် ဆစ်သောဆန် မှ သွင်းယူပေးခဲ့ပြီး ကျန်တဲ့ ပွဲချိန်မှာ ခံစစ်ကို အမှားအယွင်း မရှိ ထိန်းသိမ်းကစားနိုင်ခဲ့ လို့ အင်္ဂလန် အသင်းအနေနဲ့ ၂၀၁၆ ယူရို ပြိုင်ပွဲမှာ ၁၆ သင်း ရှုံးထွက် အဆင့် နဲ့ အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ် ။ 
 
 
အခုလို ယူရိုပြိုင်ပွဲကို ပထမဦးဆုံး ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ အိုက်စလန် အသင်းကို အရှက်တကွဲရှုံးနိမ့်ပြီး အင်္ဂလန် အသင်းရဲ့ နည်းပြ ရွိုင်းဟော့ဒ်ဆင် က နည်းပြရာထူးမှ နုတ်ထွက်ခဲ့တာပဲဖြစ်ပါတယ် ။ 
 
ရွိုင်းဟော့ဒ်ဆင် ဟာ ယခုလို အင်္ဂလန်အသင်း အရှက်တကွဲ ရှုံးနိမ့်မှု ဟာ မိမိ နှင့် အများကြီး သက်ဆိုင်ကြောင်း ဝန်ခံပြီး နည်းပြရာထူးမှ နုတ်ထွက်ခဲ့တာပဲဖြစ်ပါတယ် ။ 
 
ထို့အပြင် ရွိုင်းဟော့ဒ်ဆင် အနေနဲ့ အင်္ဂလန်အသင်း အတွက် အဆိုးဝါးရှုံးသော နည်းပြများထဲမှာ စာရင်း ဝင်ခဲ့တယ်လို့ အချို့သော သတင်းများမှ ဖော်ပြခဲ့ပါတယ် ။
 


Follow us on