1. Home
  2. International News

တူရကီအနုပညာဖန်တီးသူက ရေပြင်တွင်နာမည်ကျော်ဗန်ဂိုးပန်ချီကားကို ဖန်တီးရေးဆွဲပြ

International News มิ.ย. 28, 2559 view 1,955

တူရကီအနုပညာဖန်တီးသူဂါရစ် အိုင်းက ရှေးဟောင်းEbru နည်းပညာကို အသုံးပြု၍ နာမည်ကျော်ဗန်ဂိုးပန်းချီကားကို ရေပြင်၌ ဖန်တီးရေးဆွဲပြသခဲ့သည်ဟု သိရသည်။ ရေခွက်ထဲတွင် အမည်းရောင် ဆိုးဆေးနှင့်ပျစ်ခဲသွားစေသော Carrag eenanတို့ကို ရောစပ်၍ ရေပြင်၌ပြောင်မြောက်သောပန်းချီကားများကို ဖန်တီးပြ ခြင်းဖြစ်သည်။ ထို့နောက် ဆီဆေးအရောင်များထည့်သွင်း၍ သံတုတ်တစ်ချောင်းနှင့် ဗန်ဂိုး၏ Starry Night ပန်းချီကားကို စတင်ရေးဆွဲခြင်းဖြစ်သည်။ ဂါရစ်အိုင်းက ရေပြင်တွင် ပန်းချီကားများရေးဆွဲပြီးသည့် အခါတိုင်း တုတ်နှင့်မွှေကာ ပြန်ဖျက်ပစ်လေ့ရှိသော်လည်း ယခုဗန်ဂိုးပန်းချီကားကိုမူ ရေးဆွဲထားသည့်ရေမျက်နှာပြင်၌ စက္ကူကပ်လိုက်သည့်အခါ ရေပြင်မှဆေးများ နှင့်ရေးဆွဲထားသောပန်းချီမှာ စက္ကူတွင် ပုံရိပ်လာပေါ်နေသည်ကို မြင်တွေ့ရသည်။

ဂါရစ်က ဗန်ဂိုးပန်းချီကားကို သိမ်းဆည်း ထားရန်ဆုံးဖြတ်ခဲ့သောကြောင့် စက္ကူပေါ်တွင် ပုံရိပ်ထင်စေခဲ့ခြင်းဖြစ်သည်။ အနုပညာဘာသာရပ်ဖြင့်ဘွဲ့ရထားသော ဂါရစ် အိုင်းသည် ကမ္ဘာတစ်ဝှမ်းတွင် ပြပွဲများပြုလုပ်လာခဲ့သူဖြစ်ပြီး ဇာတိမြေတူရကီမှစ၍ အမေရိကန်နိုင်ငံအထိဖြစ်သည်။ ဂါရစ်၏ အနုပညာလက်ရာများကို ရုပ်သံတီဗီများကလည်း လာရောက်မှတ်တမ်းတင်ရိုက်ကူးခဲ့ကြရပြီး ဂါရစ်က ရေမျက်နှာပြင်ပေါ်တွင် ပန်းချီကားတစ်ခုဖန်တီးရန် မိနစ် ၂၀ သာအချိန်ယူရလေ့ရှိသည်ဟု သိရသည်။

Credit : pyimyanmarnews/



Follow us on