1. Home
  2. International News

ကင်ဂျုံအန်က ဒေါ်လာ ၂ ဒသမ ၂၅ သန်းအကုန်ကျခံကာ မလုံ့တလုံ အမျိုးသမီးအတွင်းခံများကို ၀ယ်ယူခဲ့

International News มิ.ย. 29, 2559 view 1,526

မြောက်ကိုရီးယားအာဏာရှင်ကင်ဂျုံအန်က အရာရှိများကို တရုတ်၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့မှ နာမည်ကြီးတံဆိပ် အမျိုးသမီးအတွင်းခံများအား ဒေါ်လာ ၂ ဒသမ ၂၅ သန်း အကုန်ကျခံတင်သွင်းရန် ပြီးခဲ့သည့်နှစ်က အမိန့်ပေးခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားသည်။ထိုငွေဖြင့် မလုံ့တလုံ အမျိုးသမီးအတွင်းခံများ ၀ယ်ယူကာ ဆင်းရဲနွမ်းပါးလှသည့် မြောက်ကိုရီးယားနိုင်ငံထဲတင်သွင်းခဲ့သည်။ ယင်းအတွင်းခံအကောင်းစားများမှာ အာဏာရအုပ်ချုပ်သူ လူတန်းစားတစ်စု၏ ဇနီးများနှင့် အငယ်အနှောင်းများအတွက် ဖြစ်သည်။

အချောဆုံးအလှဆုံးအမျိုး သမီးငယ်လေးများဖြင့် သီးသန့်ဖွဲ့စည်း ထားသည့် ဖျော်ဖြေရေးအဖွဲ့ရှိပြီး ထို မိန်းကလေးများသည် နောက်ပိုင်းတွင် ထိပ်တန်းအရာရှိကြီးများ၏ ဇနီးများနှင့်အငယ်အနှောင်းများဖြစ်သွားကြသည်။ လက်ရှိခေါင်းဆောင်ကြီး ကင်ဂျုံအန်၏ ဖခင်ကင်ဂျုံအီး ၂၀၁၁ ခုနှစ်တွင်ကွယ် လွန်သွားပြီးနောက်ပိုင်း ထိုအဖွဲ့ကို ဖျက်သိမ်းလိုက်သော်လည်း ကင်ဂျုံအန်က ပြန်လည်ဖွဲ့စည်းခဲ့ ပြန်ခြင်းဖြစ်သည်။ထိုမှမိန်းကလေးများသည် နောက်ပိုင်း တွင် ကိုယ်ရံတော်များ သို့မဟုတ် စစ်တပ်အရာ ရှိကြီးများနှင့် ပေးစားခံကြရ သည်ဟု မြောက်ကိုရီးယားမှထွက်ပြေးလာသူ ဂျန်က ပြောပြသည်။

Credit : Pyi Myanmar



Follow us on