1. Home
  2. International News

တူရကီ အစ္စတန်ဘူလေဆိပ် တိုက်ခိုက်ခံရ ၃၆ဦးသေ၊ ၁၄၇ ဦး ဒဏ်ရာရ

International News มิ.ย. 29, 2559 view 1,477

တူရကီနိုင်ငံ အစ္စတန်ဘူမြို့ Ataturk လေဆိပ်မှာ မနေ့ညက အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၃၆ ဦးသေဆုံးပြီး ၁၄၇ ဦး ဒဏ်ရာရသွားတယ်လို့ Haberturk သတင်းဌာနက ဆိုပါတယ်။တူရကီ ၀န်ကြီးချုပ် Binali Yildirim ရဲ့ အဆိုအရ ဒီဖြစ်ရပ်မှာ အကြမ်းဖက်သမား ၃ဦး ပါဝင်ပတ်သက်နေပြီး၊ ဒေသတွင်း မီဒီယာကတော့ အကြမ်းဖက်သမားဟာ လေဆိပ် Terminal ကို ၀င်ရောက်ဖို့ ကြိုးစားစဉ်မှာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဗုံးကို ဖောက်ခွဲလိုက်တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုဟာ ဘယ်အဖွဲ့အစည်းလက်ချက်လို့ မဖော်နိုင်သေးပေမယ့် ၊ လေဆိပ်ထဲ မှာတော့ ကလက်ရှ်နီကော့ မောင်းပြန်ရိုင်ဖယ်တလက် ကျန်ခဲ့ပါတယ်၊ တူရကီ အစိုးရကို တိုက်ခိုက်နေတဲ့ ကဒ် အလုပ်သမားပါတီကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်မဟုတ် ဘူးလို့ ငြင်းလိုက်ပြီး IS တွေလက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့အတွက် လေယာဉ် ပျံသန်းမှု ခရီးစဉ်တချို့ ဖျက်သိမ်းခဲ့ပါတယ်။

Credit : theirrawaddyburmese



Follow us on