1. Home
  2. International News

လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ စက်ရုပ်

International News มิ.ย. 30, 2559 view 1,811

ဘယ်လ်ဂျီယမ် ဆေးရုံတစ်ခုမှာ လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်တဲ့ စက်ရုပ်များကို အသုံးပြုနေပါတယ်။ အဲဒီစက်ရုပ်ဟာ ဘာသာစကား (၁၉) မျိုးကို ပြောနိုင်ပါတယ်။ သူ့ရဲ့ အမည်ကို Pepper လို့ ပေးထားပါတယ်။ ၂၈ ကီလိုဂရမ် အလေးချိန်ရှိပြီး အရပ် ၄ ပေ ရှည်ပါတယ်။ ဒေါ်လာ ၂၈ ၀၀၀ တန်ကြေးရှိပါတယ်။ စက်ရုပ်က လူတွေရဲ့ စိတ်ခံစားချက်တွေကို သိနိုင်ဖို့ ကင်မရာနဲ့ Sensors များကို အသုံးပြုပါတယ်။

မျက်နှာ အမူအယာ၊ အသံနဲ့ ကိုယ်ခန္တာလှုပ်ရှားမှုများကိုခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ ရောဂါ ဝေဒနာအလိုက် သက်ဆိုင်ရာ ကျန်းမာရေးဌာနကို လူနာများအား ခေါ်ဆောင်သွားနိုင်ပါတယ်။ ဆေးရုံက ယခင်က ယခုစက်ရုပ်ထက် အရွယ်သေးငယ်တဲ့ Zora အမည်ရ စက်ရုပ်နဲ့လည်း စမ်းသပ်ခဲ့ဖူးပါတယ်။ Pepper ဟာ တစ်ခါအားသွင်းထားလျှင် နာရီ ၂၀ အလုပ်လုပ်နိုင်ပါတယ်။

Credit : mayoneyinponepyinmat



Follow us on