1. Home
  2. International News

အိမ်ထောင်ရေးသုခအတွက်မျှော့တွေကို လိင်အင်္ဂါထဲထည့်တဲ့အမျိုးသမီး

International News ก.ค. 01, 2559 view 1,856

အသက်၄၈နှစ်ရှိပြီဖြစ်တဲ့ ကလေး၂ယောက်အမေ alex Bogatyriova ဟာ သူမအနေနဲ့ မျှော့ကုထုံးကို ခံယူပြီးတည်း က ၁၂၆ပေါင် ကျသွားပြီး အိမ်ထောင်ရေးသုခလည်း ပိုမိုပြည့်ဝလာတယ်လို့ဆိုလာခဲ့ပါတယ်။ သူမရဲ့ကုထုံးကတော့ မျှော့တွေကို သားအိမ်ထဲ ထည့်တာဖြစ်ပါတယ်။သူမအနေနဲ့ ဒီကုထုံးကို စွဲလမ်းနေပြီဖြစ်ကြောင်းလည်း ဆိုပါတယ်။ သူမက Gymသွားရတာကိုမုန်းကြောင်းလည်း ဆိုခဲ့ ပါတယ်။ သူမအနေနဲ့ ဒီကုထုံးကို စာသင်ခန်းထဲမှာ စကြားခဲ့တာဖြစ်ပါတယ်။

သူမက မျှော့ကုထုံးဆရာမ တစ်ယောက်ဖြစ် ဖို့ သင်တန်းတက်နေတာလည်းဖြစ်ပါတယ်။ မျှော့တွေနဲ့ ကုသခြင်းကို သင်ကြားပေးနေတဲံ သင်တန်းမှာ ဒီအကြောင်းကို စတင်ကြားခဲ့ပြီး သူမဒီမျှော့တွေနဲ့ ဝိတ်လျော့မလျော့ အရင်စမ်းသပ်ခဲ့တာလည်း ဖြစ်ပါတယ်။“ကျွန်မရဲ့ တင်မှာ မျှော့တစ်ကောင်ကို တစ်ခါတင်ကြည့်ပါတယ်။ ၂၅မိနစ်လောက်ထားခဲ့ပါတယ်။ ပြီးတော့မျှော့သွေးစုတ် တာကိုစောင့်ပါတယ်။ နောက်တော့ ကျွန်မအဝတ်အစားတွေ ချောင်လာပါတယ်။ တစ်ပတ်ကြာတော့ ဝိတ်ချိန်ကြည့်တော့ ၁၃ပေါင်တောင် လျော့နေလို့ ကျွန်မ အံ့သြသွားခဲ့ပါတယ်။”လို့ဆိုခဲ့ပါတယ်။

Alexဟာ ၂၀၁၁ခုနှစ်မှာ ဒီကုထုံးကိုစတင်ခဲ့တာဖြစ်ပါတယ်။ တစ်နှစ်အကြာ ၂၁၀၂မှာ ၁၂၆တောင် ကျသွားခဲ့ပါတယ်။ “ဒီလောက်ဝိတ်ကျဖို့ မျှော့အကောင်၂၀၀သုံးခဲ့ပါတယ်။ တစ်ခါတစ်လေ ၂နာရီလောက် မျှော့တွေကို ကျွန်မတင်ပေါ်တင် ထားတတ်ပါတယ်။ ဒါမှ အဆိပ်တွေသူတို့က စုပ်သွားမှာလေ။”လို့ဆိုခဲ့ပါတယ်။

ဝိတ်ကျရုံတင်မဟုတ်ပဲ အိမ်ထောင်ရေးသုခလည်းရရှိခဲ့ပြီး ဆန္ဓပြီးမြောက်တာမျိုးတွေလည်း ပိုရှိလာတယ်လို့ ဆိုပါတယ်။ ဒီအတွက်တော့ မျှော့တွေကို လိင်အင်္ဂါထဲထည့်ပြီး ခဏအကြာပြန်ထုတ်ရတယ်လို့ဆိုပါတယ်။ ဒီမျှော့ကုထုံးက မနာကျင် ဘူးလို့လည်း သူမကဆိုပါတယ်။အသားအရည်ပိုလှပြီး ပိုကျန်းမာလာကြောင်းလည်းဆိုခဲ့ပါတယ်။

သူမဟာ ပါးစပ်ထဲကို လည်း မျှော့တွေထည့်ပါတယ်။ သွားတွေသန့်ရှင်းအောင်လို့ဆိုပါတယ်။ ပြီးတော့ မျက်နှာပေါ်တင်ပြီး တင်းတိပ်တွေပျောက် အောင် သွေးစုပ်ခိုင်းတယ်လို့လည်း ဆိုပါတယ်။ဒါပေမယ့် ကျွမ်းကျင်တဲ့လက်မှတ်ရထားမှသာ မျှော့တွေကို အသုံးပြုဖို့တော့ သူမက အကြံပေးခဲ့ပါတယ်။



Follow us on