1. Home
  2. International News

ကမ္ဘာ့အလေးလံဆုံး ဆယ်နှစ်အရွယ် အင်ဒိုနီးရှားကလေးငယ်

International News ก.ค. 01, 2559 view 1,599

အင်ဒိုနီးရှားနိုင်ငံမှ အသက် ၁၀ နှစ်အရွယ် အာရာပါမန်နာဟာ ကမ္ဘာ့အလေးလံ ဆုံးကလေးငယ်တဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်အလေးချိန်ဟာ ၁၉၂ ကီလိုဂရမ်ရှိပြီး အ၀လွန်ရောဂါဖြစ်နေတဲ့ ကလေးငယ်တယောက်ပါ။ လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့အတွက်သူဟာ ၁၀ နှစ်အရွယ်မှာ ကျောင်းက ထွက်လိုက်ရပါတယ်။ အ၀တ်အထည်တွေဟာလည်း သူနဲ့ ကိုက်ညီတာမရှိတဲ့အတွက် နေ့စဉ် စောင်ကိုသာ ပတ်နေခဲ့ရတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အာရာရဲ့ ကိုယ်အလေးချိန်ကြောင့် သူ့ခန္ဒာကိုယ်ကို ပျက်စီးစေတာဖြစ်ပြီး သူ ဟာ တနေ့ကို ပျမ်းမျှအရွယ်ရောက်ပြီးသူ ၂ ဦးစာ စားနိုင်လောက်တဲ့ အစားအစာကို ၅ ကြိမ်စားလေ့ရှိတယ်လို့ ဆိုပါတယ်။ သူဟာ လှုပ်ရှားဖို့ ကြိုးစားတိုင်း အသက်ရှုဖို့ ခက်ခက်ခဲခဲကြိုးစားပြီး ပင်ပန်းနွမ်း နယ်နေပါတယ်။

မိခင်ဖြစ်သူ ရော့ကယာ ဆိုမန်ထရာက တကယ်လို့ သူဟာ စားတာတို့၊ အိပ်တာတို့ မလုပ်ဘူးဆိုရင်တော့ ရေကူးကန်ထဲမှာ နာရီပေါင်းများစွာ စိမ်နေရတာကို သဘောကျတယ်လို့ ပြောပါတယ်။ အာရာရဲ့ မိဘတွေဟာ လယ်ယာလုပ်ငန်းကနေ လစဉ်ဝင်ငွေ အမေရိကန်ဒေါ် လာ ၁၄၅ ဒေါ်လာလောက်သာ ရတာမို့ သူ့ရဲ့ စားသောက်နေထိုင်ပြုစု စရိတ်တွေအတွက် အခက်အခဲဖြစ်နေတာပါ။ အာရာဟာ မွေးကာစက အလေးချိန် ၃ ဒဿမ ၂ ကီလိုဂရမ်သာရှိတာမို့ ဒါဟာ သာမန်အခြေအနေတခုသာဖြစ်ပြီး သူ့အသက် ၂ နှစ်လောက်မှာမှ စတင်ပြီး ၀လာခဲ့တာလို့ ဆိုပါတယ်။ မိဘတွေ သတိမထားမိခင်မှာပဲ သူဟာ ကြီးထွားလာခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ မိဘတွေအနေနဲ့ သူ့ကို ကယ်တင်ဖို့ အစားအသောက်တွေကို လျှော့စားဖို့ ကြိုးစားနေကြပြီလို့ သတင်းမှာ ဖော်ပြပါတယ်။

Credit : mayoneyinponepyinmat



Follow us on