1. Home
  2. International News

ဂရင်းနစ်စံချိန်ဝင် ကမ္ဘာအပူဆုံး ငရုတ်သီး “Carolina Reaper”

International News ก.ค. 05, 2559 view 1,811

အမေရိကန်နိုင်ငံ Carolina ပြည်နယ်တောင်ဘက် မှာ Smokin Ed ဆိုသူ စိုက်ပျိုးနေတဲ့ Carolina Reaper ငရုတ်သီးကတော့ ကမ္ဘာပေါ်မှာ အပူဆုံး အစပ်ဆုံးလို့ဆိုပါတယ်။ ဒီငရုတ်သီးကိုတော့ လက်ရှိ အချိန်မှာ PuckerButt ငရုတ်ကောင်းကုမ္မဏီမှာ ငရုတ်ကောင်းနှင့် ဆက်စပ်ပစ္စည်းတွေထုတ်လုပ်တဲ့ နေရာမှာသုံးနေပါတယ်။ သြစတြေးလျ က ထွက်တဲ့ Butch T ငရုပ်သီးဟာ Carolina မတိုင်ခင်မှာ အပူဆုံးအစပ်ဆုံး ဂရင်းနစ်စံချိန်ကို ငရုတ်သီး အပူနှုန်းတိုင်းတာချက် 1,463,700 Scoville Heat Units (SHU) နဲ့ ရယူခဲ့ပါတယ်။ Butch T ရဲ့ စံချိန်ကို Carolina ဟာ 1,569,300 SHU အထိ အပူနှုန်းနဲ့ ဖြတ်ကျော် သွားခဲ့ပါတယ်။

Carolina ကတော့ ငရုတ်သီးလိုအတောင့်ပုံမဟုတ်ပဲ အသီးတစ်လုံးလို ပုံစံမျိုးဖြစ်ပါတယ်။ Carolina ငရုတ်သီးမျိုးစေ့ဟာ လွန်ခဲ့တဲ့ ၁၃ နှစ် လောက် ကတည်းကရှိနေခဲ့တာပါ။ လက်ရှိအချိန်မှာတော့ Carolina ကို လက်နက် သဖွယ်ထိ သုံးနိုင်တဲ့ ငရုတ်သီးတစ်မျိုးအဖြစ် ရှာဖွေတွေ့ရှိသူတွေဟာ သတ်မှတ်ကြပါတယ်။ အမှန်တကယ် စစ်လက်နက်အဖြစ်သုံးနေတဲ့ ငရုတ်သီးကတော့ အိန္ဒိယမှာရှိတဲ့ Bhut Jolokia လို့ခေါ် တဲ့ ငရုတ်သီး တစ်မျိုးပါ။ ဘယ်လောက်ပူသလဲဆိုရင်တော့ 800,000 SHU ထိရှိပါတယ်။

ငရုတ်သီးအပူနှုန်းတိုင်းတာချက်

Peperoncini = 100–500

Jalapeño = 2,500–5,000

Cayenne = 30,000–50,000

Tabasco Scotch bonnet = 80,000–300,000

Bhut Jolokia = 800,000–1.04 million

Naga viper = 1.38 million

Carolina reaper = 1.56 million (the hottest chilli)

Ref: Guinness World Records Democracy today

Credit : mayoneyinponepyinmat



Follow us on