1. Home
  2. International News

မဒီနာမြို့က တမန်တော်မိုဟာမက် ဂူဗိမ္မာန်ဗလီကြီးအနီး ဗုံးပေါက်ကွဲမှုဖြစ်

International News ก.ค. 05, 2559 view 1,810

ဆော်ဒီအာရေဗီးယားနိုင်ငံရှိ ဘာသာရေး အထွဋ်အမြတ်ထားရာ မဒီနာမြို့ရှိ တမန်တော် မိုဟာမက်၏ ဂူဗိမ္မာန်ရှိသည့် ဗလီကြီးအနီးနှင့် ကာတစ်မြို့မှ အယ်အိုမာရှီယာ ဗလီအနီးတွင် အသေခံဗုံးခွဲတိုက်ခိုက်မှု တချိန်ထဲဖြစ်ပွားခဲ့ရာ လုံခြုံရေးအရာရှိ ၂ဦး၊ ဘုရားဖူး ၄ဦး၊ အကြမ်းဖမ်သမား ၂ဦး စုစုပေါင်း ၈ဦးသေဆုံးသွားတယ်လို့ ဆော်ဒီရုပ်မြင်သံကြားက ဆိုပါတယ်။ ဒေသခံများအပြောအရ ပေါက်ကွဲများများ နေရာအသီးသီးကနေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပြီး ဒါအပြင် ဂျက်ဒါမြို့က ကောင်စစ်ဝန်ရုံးအနီးမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ BBCက ဆိုပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ မသိရသေးပါဘူး၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ရာမာဒန်ဥပုဒ်လ နောက်ဆုံးရက်မှာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့က ရှီယိုက်မွတ်ဆလင်တွေ နေထိုင်ရာ အရပ်မှာ ကားဗုံးပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၆၅ ဦးအထိသေဆုံးခဲ့ရသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ သံတမန်ရပ်ကွက်က စားသောက်ဆိုင်တဆိုင်ကိုလည်း ပြီးခဲ့တဲ့သောကြာနေ့ ညပိုင်းက အကြမ်းဖက်သမားများက စီးနင်းပြီး တိုက်ခိုက်ခဲ့ရာ အီတလီ၊ဂျပန်လူမျိုးများအများဆုံးပါဝင်တဲ့ နိုင်ငံခြားသား ၂၀နဲ့ ရဲအရာရှိ ၂ဦးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို အစ္စလာမစ်နိုင်ငံတော်(IS) အဖွဲ့က သူတို့ပြုလုပ်တယ်လို့ ဆိုပါတယ်။

Credit : theirrawaddyburmese/



Follow us on