1. Home
  2. International News

ရဲများတားမြစ်နေသည့်ကြားမှ ရုရှားလေထီးခုန်အမျိုးသမီးကပေပေါင်း ၁၁၅၀ အမြင့်ရှိသည့် တံတားပေါ်မှ ဒိုင်ဗင်ထိုးဆင်း

International News ก.ค. 06, 2559 view 1,516

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်ရှိ ပေပေါင်း ၁၁၅၀ အမြင့်ရှိသော တံတားတစ်ခု ပေါ်မှနေ၍ ရုရှားလေထီးခုန်အမျိုးသမီးက ရဲများတားမြစ်နေသည့်ကြားမှ ဒိုင်ဗင်ထိုး ဆင်းပြခဲ့သည်ဟု သိရသည်။ Otmashka Dubininaအမည်ရှိ အမျိုးသမီးသည် တရုတ်ရဲများက အသည်းအသန်တားမြစ် နေသည့်ကြားမှ ရအောင်ရုန်းထွက်၍ တံတားပေါ်မှဒိုင်ဗင်ထိုးချခဲ့ခြင်းဖြစ်သည်။တရုတ်နိုင်ငံရှိ Aizhai တံတားသည် ပေ ၁၁၅၀ ပေအမြင့်ရှိသော ကမ္ဘာ့အမြင့်ဆုံးနှင့် အရှည်ဆုံးဥမင်လိုဏ်ခေါင်းနှစ်ခု ဆက်တံတားဖြစ်သည်။ အွန်လိုင်းပေါ်၌ ထွက်ပေါ်နေသည့်ဗီဒီယိုထဲတွင် တံတားပေါ်၌ တရုတ်ရဲများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်နေသည့် ရုရှားအမျိုးသမီးကိုမြင်တွေ့ ရသည်။

ရဲတစ်ဦးက တံတားပေါ်မှဒိုင်ဗင်ခုန်ရန် လိုအပ်သည့်စာရွက်စာတမ်း အထောက်အထားများ ယူဆောင်ပြီးမှပြန်လာရန်ဆိုခဲ့သော်လည်း အမျိုးသမီးက အချိန်မရှိဟုဆိုကာ တံတား၏တစ်ဖက်ခြမ်းသို့ ရှုခင်းကြည့်မည်ဟုဆို၍ ကပ်လာခဲ့သည်။ ရဲများက ရှုမျှော်ခင်းကြည့်စင်သို့ သွားရောက်ရန်ဆိုခဲ့သော်လည်း နောက်ဆုံးတွင် အတားအဆီးများကို ကျော်ဖြတ်၍ တံတားပေါ်မှခုန်ချသွားခဲ့သည်ကို မြင်တွေ့ရသည်။ သို့သော် မိနစ်အနည်းငယ် အတွင်းလေထီးဖွင့်၍ မြေပြင်သို့အန္တရာယ် ကင်းကင်း ဆင်းသက်နိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ ရသည်ဟု သိရသည်။

Credit : Pyi Myanmar



Follow us on