1. Home
  2. International News

ရိုနယ်လ်ဒို နဲ့ သာမက ပေါ်တူဂီ တစ်သင်းလုံးနဲ့ ပါ ဓါတ်ပုံ ဝင်ရိုက်ခဲ့တဲ့ အမာခံ ပရိတ်သတ်

International News ก.ค. 07, 2559 view 1,502
ခရစ်စတီယာနို ရိုနယ်လ်ဒို အနေနဲ့တော့ ဘောလုံးပွဲအတွင်း မှာ သူ့ဆီကို အပြေးအလွှား ရောက်လာကြတဲ့ ပရိတ်သတ်တွေ နဲ့ တော့ ကျင့်သားရနေလောက်ပါပြီ ။ 
 
ပေါ်တူဂီနိုင်ငံသား ရီးရဲမက်ဒရစ် ရဲ့ စပါစတား တိုက်စစ်မှူးကတော့ နေ့စဉ်နေ့ အမျှ သူနဲ့ အတူ ဓါတ်ပုံရိုက်ချင်တဲ့ သူတွေ ၊ ဖက်ချင်တဲ့ သူတွေ၊ လက်ဆွဲနှုတ်ဆက်ချင်တဲ့ သူတွေ အပြည့်ပဲပေါ့ ။
 
အဲလိုပရိတ်သတ်တွေကြောင့် ရိုနယ်လ်ဒို အနေနဲ့ သူကို အနှောက်အယှက်ပေးတယ်လို့ ထင်နေပါသလား ? 
 
လက်ရှိအချိန်မှာတော့ ရိုနယ်လ်ဒို ဟာ အဲဒီလို လုံးဝမသတ်မှတ်ထားဘဲ လာရောက်သမျှ ပရိတ်သတ်တွေ အားလုံးကို ပျူပျူငှာငှာ နွေးနွေးထွေးထွေး ဆက်ဆံ ခဲ့တာကို ယူရို ၂၀၁၆ ပြိုင်ပွဲမှာတွေ့မြင်ခဲ့ရပါတယ် ။ 
 
မနေ့ညက ပေါ်တူဂီ နဲ့ ဝေလ အသင်းတို့ ယှဉ်ပြိုင်မယ့် ပွဲမတိုင်မှီ မှာလည်း ရိုနယ်လ်ဒို ရဲ့ ပရိတ်သတ်တရောက် ကွင်းထဲကို ဝင်လာပြီး ဓါတ်ပုံအတူ ရိုက်ခွင့်ရရှိခဲ့ပါတယ် ။
 
သူအနေနဲ့ ရိုနယ်လ်ဒိုနဲ့သာမက ပေါ်တူအသင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ရာ မှာ လည်းပါဝင် နိုင်ခဲ့ပါတယ် ။
 
ပေါ်တူဂီ အသင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်စဉ် ပါဝင်ခွင့်ရခဲ့တဲ့ ပရိတ်သတ် ။
 
 
 
ကမ္ဘာ့ နာမည်အကြီးဆုံး ဘောလုံးသမားနဲ့ အတူ Sefie တွဲမရိုက်မှီ ။
 
ပရိတ်သတ်နှင့် အတူ ပျော်ရွှင် ရီမောနေတဲ့ ရိုနယ်လ်ဒို ။


Follow us on