1. Home
  2. International News

ကမ္ဘာတ၀န်း အင်တာနက်သုံးနိုင်မည့် ပစ္စည်းသစ် ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မိတ်ဆက်

International News ก.ค. 08, 2559 view 1,739

ဝေးလံခေါင်သီတဲ့ နေရာတွေပါမကျန် ကမ္ဘာတ၀န်းလုံး အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်စေဖို့အတွက် ကြိုးမဲ့ OpenCellular ကို ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မတ်ခ်ဇူကာဘတ်က မိတ်ဆက်လိုက်ပါတယ်။ လွန်ခဲ့တဲ့ နာရီအနည်းငယ်အကြာက ဒီပစ္စည်းသစ်နဲ့ပတ်သက်ပြီး ဇူကာဘတ်က ဖေ့စ်ဘွတ်ခ်ကတဆင့် ရေးသားပြီး မိတ်ဆက်ပေးလိုက်တာပါ။ တယ်လီဖုန်းကုမ္ပဏီတွေ၊ သုတေသီတွေ၊ စီးပွားရေးသမားတွေ အားလုံး အသုံးပြုနိုင်အောင် OpenCellular ကို တီထွင်လိုက်ပြီး ဒါဟာ ဝေးလံခေါင်ဖျားတဲ့နေရာမှာ ကြိုးမဲ့ကွန်ရက်ကို အသုံးပြု လုပ်ဆောင်နိုင်မယ်လို့ ဇူကာဘတ်က ရေးပါတယ်။

ဒီပစ္စည်းဟာ ဖိနပ်ထည့်တဲ့ ဘူးလောက်ရှိပြီး ၁၀ ကီလိုမီတာအတွင်း လူ ၁၅၀၀ လောက် အင်တာနက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်သုံး Aquila လေယာဉ်၊ လေဆာရောင်တန်းတွေနဲ့ OpenCellular က ကမ္ဘာတ၀န်းလုံးကို ပိုမိုနီးကပ်လာအောင် ဆက်သွယ်ပေးမယ့် ရည်မှန်းချက်ပန်းတိုင်အတွက် ခြေတလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတ၀န်းက လူ ၄ ဘီလီယံလောက်ဟာ အင်တာနက်အသုံးပြုခွင့် မရသလို အခြေခံ အဆောက်အဦတွေက ဝေးလံခေါင်ဖျားတဲ့နေရာကို အပြည့်အ၀ မရောက်နိုင်တာဟာ စိန်ခေါ်မှုတခုလို့လည်း သူက ရေးပါတယ်။

Credit : burmese.dvb.no



Follow us on