-
နောက်ဆုံးရလဒ် : ပေါ်တူဂီ ၁ - ၀ ပြင်သစ်
-
ဘာနေး ရိုနေ : ပြင်သစ်ရဲ့ ကွင်းလယ်ပိုင်းအားနည်းချက်ကြောင့် ပေါ်တူဂီ ကိုရှုံးနိမ့်ခဲ့
-
ဒေးဗစ် ဟစ်နာ : ရိုနယ်လ်ဒိုရဲ့ ဝမ်းနည်းမျက်ရည်တွေက ဝမ်းသာပီတိ မျက်ရည်တွေ ဖြစ်ခဲ့ပြီ
.JPG)
အကောင်းဆုံး တတိယနေရာ မှနေပြီးတော့ အားလုံးမထင်မှတ်တဲ့ ရလဒ်တွေနဲ့ ၂၀၁၆ ခုနှစ် ယူရို ချန်ပီကို ပေါ်တူဂီ မနေ့ညက ရရှိနိုင်ခဲ့ပါတယ် ။
ပြင်သစ် နိုင်ငံ မြို့တော် ပဲရစ်မြို့မှာ ကျင်းပတဲ့ ယူရို ၂၀၁၆ ဗိုလ်လုပွဲ မှာ ပေါ်တူဂီ အသင်းဟာ အိမ်ရှင် ပြင်သစ် အသင်းကို ၁ - ၀ ဖြင့်အနိုင်ရခဲ့ပါတယ် ။
ပေါ်တူဂီ အသင်းရဲ့ အဓိက အားအထားရဆုံးဖြစ်တဲ့ အသင်းခေါင်းဆောင် စီရိုနယ်လ်ဒို ဟာ ပွဲကစားချိန်အတွင်း မှာ ရရှိခဲ့တဲ့ ဒူး ဒဏ်ရာ ကြောင့် ပွဲချိန် မိနစ် ၂၀ ကျော်မှာ ပြိုင်ပွဲ မှ လူစား လှဲခဲ့ပါတယ် ။
အသင်းအတွက် မကစားပေးနိုင်တော့ လို့ ဝမ်းနည်းပြီး ငိုကြွေးခဲ့တဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ်တီယာနို ရိုနယ်လ်ဒို
ပွဲချိန် တစ်လျှောက်လုံးမှာ ပြင်သစ် အသင်း က ပေါ်တူဂီ အသင်းကို တောက်လျှောက် ဖိအားပေးခဲ့ပေမယ့် ဂိုးသွင်း မသေချာမှု ၊ ဂိုး ကံခေမှု ၊ ပေါ်တူဂီ ဂိုးသမား ရဲ့ အံ့မခန်း လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ဂိုးမရှိခဲ့တာပါ။
ပေါ်တီဂူ အသင်းကတော့ နာနီ ဦးဆောင်တဲ့ တန်ပြန် တိုက်စစ်တွေနဲ့ ပြင်သစ်ကို ပြန်လည် ခြိမ်းခြောက်မှုတွေရှိလို့ နှစ်သင်းလုံး ထိန်းကစားရင်း မိနစ် ၉၀ အတွင်း မှာ ဂိုးမရှိ သရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ် ။
မိနစ် ၃၀ အချိန် ပိုအတွင်း မှာလည်း ပြင်သစ် အသင်းက တောက်လျှောက် ဖိအား ပေးနေရာမှ ၁၀၉ မိနစ်အရောက်မှာ ပေါ်တူဂီ လူငယ်တိုက်စစ်မှူး ဆန်းချက်စ် နေရာမှာ လူစားလှဲဝင်ရောက်လာတဲ့ အီဒါရဲ့ အမှတ်မထင် အဝေး မှ အပြင်းကန် သွင်း မှူကိုတော့ ပွဲစဉ် တောက်လျေက် လက်စွမ်းပြကာကွယ်လာခဲ့တဲ့ ပြင်သစ်ဂိုးသမား ဟူဂို ဘယ်လိုမှ မတတ်နိုင်ခဲ့လို့ ပိုတူဂီ ခဲ့ တစ်လုံး တည်းသော အနိုင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ် ။
ကျန်တဲ့ ပွဲချိန်တွေ မှာ ပြင်သစ် က ချေပဂိုး ရရှိဖို့ အတွက် အစွမ်းကုန် ကြိုးစားခဲ့ပေမယ့်လည်း ပေါ်တူဂီ အသင်းကို ဘယ်လိုမှ မကျော်ဖြတ်နိုင်ခဲ့ကို မိမိရဲ့ အိမ်ကွင်း မှာ ပေါ်တူဂီ အသင်းကို ယူရို ၂၀၁၆ ချန်ပီယံ အဖြစ် ခွင့်ပြုခဲ့ရပါတယ် ။
ပေါ်တူဂီ အတွက် သူရဲကောင်း တစ်ယောက် ဖြစ်ခဲ့တဲ့ အီဒါ