1. Home
  2. International News

ကြိုက်သလောက်စား နိုင်သလောက်သာရှင်းစရာလိုသော စားသောက်ဆိုင် အား ဘွန်ဂျိုဘီက ဖွင့်လှစ်ထား

International News ก.ค. 11, 2559 view 1,631

အမေရိကန် ရော့ခ်ဂီတ အဆိုတော်ကြီး ဘွန်ဂျိုဘီ (Bon Jovi) ဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလကတည်းက စလို့ ကြိုက်သလောက်စား နိုင် သလောက်သာ ရှင်းစရာလိုတဲ့ စားသောက်ဆိုင် ကို သူ့ရဲ့ မွေးရပ်မြေ အမေရိကန်၊ နယူးဂျာဆီ ပြည်နယ်မှာပဲ ဖွင့်လှစ်ထားပါတယ်။ အင်္ဂလိပ်လိုတော့ Pay what you can စားသောက်ဆိုင်လို့ အမည်ပေး ထားပါတယ်။ သက်သက် အလှူလုပ်ခြင်း ဖြစ်ပါတယ်။ အကယ်၍ ပေး စရာ ငွေမရှိရင် နောက်ဖေးမှာ ပန်းကန်သွားဆေးပေးလို့ လည်း ရပါတယ်။ စားပွဲထိုး မိနစ်အနည်းငယ် လုပ်ပေးလိုက်လို့လည်း ရပါတယ်။ တစ်ခု ခုတော့ ပြန်ပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ တစ်ဒေါ်လာပဲရှိတယ်ဆိုရင် တစ်ဒေါ်လာပဲ ပေးခဲ့လို့ ရပါတယ်။ ဘာမှ မရှိလို့ သူများစားပြီးသား စားပွဲခုန် တစ်လုံး သွားရှင်းပေးလိုက်လို့လည်း ရပါတယ်။ စေတနာ ရှိလွန်းလို့ ဒေါ်လာ ၁၀၀ မကပေးချင်လည်း ရပါတယ်။ ဆိုင်ကိုတော့ မရှိဆင်းရဲများ စားသောက်ရန် ရည်ရွယ်ပါတယ်။

သို့ပေမယ့် လူတန်းစား အားလုံး လာရောက်စားသောက်ရန်လည်း ဖိတ်ခေါ်ပါတယ်။ ဆိုင်နဲ့ အစားအစာများက အဆင့်အတန်းရှိပြီး ကျန်းမာရေးညီညွတ်တဲ့ ဟင်းလျာများ ဖြစ်ပါတယ်။ ဘွန်ဂျူဘီဟာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းထဲမှာ ပါရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံး ထိပ်တန်း ပုဂ္ဂိုလ်များ စာရင်းမှာလည်း ပါရှိပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး အဆိုတော်လို့လည်း လူသိများသူ ဖြစ် ပါတယ်။ ဒါကြောင့် အလှူအတန်းလည်း ရက်ရောပါတယ်။ ကမ္ဘာတစ်လွှား လိုအပ်တဲ့ နေရာများအားလုံးကို တတ်နိုင်သလောက် လှူဒါန်းနေပြီး ဖောင်ဒေးရှင်းပေါင်း မြောက်များစွာလည်း တည်ထောင်ပါ တယ်။

ယခု ဖွင့်တဲ့ စားသောက်ဆိုင်ကလည်း အလှူအတန်းလည်း ပြုလုပ် ရင်း ဖောင်ဒေးရှင်းအတွက်လည်း ငွေ အလှူခံရင်း ဖြစ်ပါတယ်။ Pay waht you can အမည်ရ စားသောက်ဆိုင်လေးမှာ ကြိုက်သလောက်မှာစားတဲ့ အမေရိကန်ပြည်သူများဟာ ဖောင်ဒေးရှင်းအတွက် အလှူငွေပါ တတ်နိုင် သလောက် ထည့်ဝင်လှူဒါန်းကြကြောင်း သိရပါတယ်။

-- Ref: rarefacts http://www.innewsmyanmar.com/2012/12/blog-post_5884.html ---

Credit : mayoneyinponepyinmat/



Follow us on