1. Home
  2. International News

IS တွေ ထိန်းချုပ် ထားခဲ့တဲ့ အဓိက လေယာဉ်ကွင်းကိုအီရတ် စစ်တပ် ပြန်လည် သိမ်းပိုက်

International News ก.ค. 11, 2559 view 1,551

အီရတ် နိုင်ငံ မိုဆိုးလ်မြို့ တောင်ပိုင်း IS တွေ ထိန်းချုပ် ထားခဲ့တဲ့ အဓိက လေယာဉ်ကွင်း တစ်ခုကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့တယ်လို့ အီရတ် စစ်တပ်က ပြောပါတယ်။ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့ရဲ့ လေကြောင်း ပစ်ကူ တွေနဲ့ အယ်-ခေယားရား လေယာဉ်ကွင်း ကို သိမ်းပိုက် ခဲ့တာ ဖြစ်ပြီး၊ ခုခံမှု အနည်းငယ်သာ ကြုံတွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။

အခု လေယာဉ်ကွင်းကို ရလိုက်တာဟာ အီရတ် နိုင်ငံထဲ IS တွေ ရဲ့ အဓိက ခြေကုပ်မြို့ ဖြစ်တဲ့ မိုဆိုးလ် ကို ပြန်လည် သိမ်းပိုက် နိုင်ဖို့ရာ အဓိက တိုးတက်မှု တစ်ရပ် ဖြစ်တယ်လို့ အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက ပြောပါတယ်။

Credit : BBC Burmese



Follow us on