1. Home
  2. International News

အီရန်က အစ္စရေးကို ပစ်ခတ်ရန်ဒုံးကျည်တစ်သိန်းကျော် အဆင်သင့်ဖြစ်နေဟု ဆို

International News ก.ค. 13, 2559 view 1,511

အီရန်နိုင်ငံ၏ တော်လှန်ရေးအစောင့် တပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ အီရန်နိုင်ငံ တွင် အစ္စရေးကိုပစ်ခတ်ရန် ဒုံးကျည်တစ် သိန်းကျော် အဆင်သင့်ဖြစ် နေပြီဖြစ်ကြောင်းသိရသည်။ တော်လှန်ရေးအစောင့် တပ်ဖွဲ့၏ ဒုတိယအကြီးအကဲ ဟူစိန်ဆာလာမီက ၎င်းတို့နိုင်ငံသည် ပါလက်စတိုင်း ဘက်မှရပ်တည်ခဲ့ကြောင်းနှင့် လက်ဘနွန် မှတစ်ဆင့်ပစ်ခတ်ရန်အတွက်လည်း တာဝေးပစ်လက်နက်များ အဆင်သင့်ဖြစ်နေပြီဟုဆိုခဲ့သည်။ ၎င်းက ““အစ္စရေးဘက်က တစ်ခုခုမှားတာနဲ့ အီရန်က ပစ်ခတ်တိုက်ခိုက်သွားမှာပါ””ဟု ဆိုခဲ့သည်။ အီရန်စစ်တပ်မှ အဆင့်မြင့်အာဏာပိုင်တစ်ဦးကလည်း အစ္စရေး၏ Iran Dome Anti-Rocket System သည်လည်း ၎င်းတို့၏ တာဝေးပစ်ဒုံးကျည်များကို ဟန့် တားနိုင်မည် မဟုတ်ဟု ဆိုထားသည်။

အီရန်သမ်္မတ ဟက်ဆန်ရိုဟာနီက အီရန် နိုင်ငံသည် နျူကလီးယားသဘောတူညီ ချက်ထက် နိုင်ငံ၏ အကျိုးစီးပွားကို ဦးစား ပေးရမည်ဟု ဆိုခဲ့သည်။ ပြီးခဲသည့် ဇန် န၀ါရီလတွင် ကမ်္ဘာ့အင်အားကြီးနိုင်ငံများ က အီရန်အား စီးပွားရေးအရ ပိတ်ပင်တား မြစ်ချက်များကို ပယ်ဖျက်ပေးခဲ့ပြီး အီရန် ကလည်း ၎င်း၏ နျူကလီးယားလှုပ်ရှားမှု များကို ထိန်းချုပ်ကန့်သတ်ခဲ့သည်။ ပြီးခဲ့ သည့်လကလည်း အီရန်နိုင်ငံတစ်ဝန်းတွင် အစ္စရေးဆန့်ကျင်ဆန်္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများက ပါလက်စတိုင်းနယ်မြေများကို သိမ်းပိုက်ထားသော အစ်္စရေးကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်ဟု သိရသည်။

Credit : Pyi Myanmar



Follow us on