1. Home
  2. International News

ဂျပန်ဧကရာဇ် အကီဟီတို ထီးနန်းလွှဲပြောင်းပေးသွားမည်ဟု ကြေညာ

International News ก.ค. 14, 2559 view 1,440

ဂျပန်ဧကရာဇ် အကီဟီတိုက လာမယ့် နှစ်များအတွင်း နန်းစွန့်သွားရန် ဆုံးဖြတ်ထားကြောင်း ကြေညာလိုက်တယ်လို့ NHK သတင်းဌာနက ပြောပါတယ်။ အသက် ၈၂ နှစ်အရွယ် ဂျပန်ဧကရာဇ် အကီဟီတိုဟာ လက်ရှိ နှစ်များအတွင်း ကျန်းမာရေးပြဿနာများ ရှိခဲ့ပြီး ၎င်းရဲ့ တာဝန်များကို လျှော့ချသွားရန် လိုအပ်လာပါက ဘုရင်အဖြစ် ဆက်လက်ရှိမနေလိုကြောင်း သိရပါတယ်။ အကီဟီတိုဟာ ဂျပန်ဧကရာဇ်အဖြစ် ၂၇ နှစ်ကြာ နန်းစံလာခဲ့တာ ဖြစ်ပါတယ်။ အကီဟီတိုရဲ့ သားကြီးဖြစ်သူ အသက် ၅၆ နှစ်အရွယ် အိမ်ရှေ့မင်းသား နာရူဟီတိုက အကီဟီတိုရဲ့ အရိုက်အရာကို ဆက်ခံသွားမှာ ဖြစ်ပါတယ်။

ဂျပန်ဧကရာဇ် အကီဟီတိုဟာ ဂျပန်နိုင်ငံရဲ့ အရေးပါတဲ့ သမိုင်းဖြစ်ရပ်တွေမှာ ဝင်ခဲ့သူဖြစ်ပြီး ဂျပန်လူမျိုးများက ၎င်းကို အလွန်လေးစားကြတယ်လို့ ဆိုပါတယ်။ အကီဟီတိုဟာ ၂၀၀၃ ခုနှစ်မှာ ဆီးကြိတ်ကင်ဆာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး လွန်ခဲ့တဲ့ လေးနှစ်ကလည်း နှလုံးခွဲစိတ်မှု ခံယူခဲ့ရပါတယ်။ အကီဟီတိုဟာ ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှာ ဖခင်ဖြစ်သူ ဟီရိုဟီတိုထံမှ ဂျပန်ဧကရာဇ်အဖြစ် ထီနန်းအမွေဆက်ခံခဲ့ပြီး နန်းတက်ခဲ့တာ ဖြစ်ပါတယ်။

Credit : mayoneyinponepyinmat/



Follow us on