1. Home
  2. International News

ထရီစာမေ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်ပြီ

International News ก.ค. 14, 2559 view 1,452

ဗြိတိသျှဘုရင်မကြီး အယ်လီဇဘက်က ဘာကင်ဟန်နန်းတော်မှာ ထရီစာမေကိုဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ သူဟာ ဗြိတိန်သမိုင်းမှာ ဒုတိယမြောက် အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာပါတယ်။

- ထရီစာမေအကြောင်း

သူဟာ ဗြိတိန်ရဲ့နိုင်ငံရေး သမိုင်းမှာ လှိုင်းလေအထန်ဆုံး ကာလတွေထဲက တခုမှာ နိုင်ငံကို ဦးဆောင်ရမယ့် သူတစ်ဦး ဖြစ်ပါတယ်။ ဗြိတိန် ဥရောပ သမဂ္ဂ ကနေ ထွက်ဖို့ လူထုဆန္ဒခံယူပွဲ မှာမဲပေးလိုက်ကြတော့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နှုတ်ထွက်သွားပါတယ်။ ဒီအတွက် သူ့နေရာကို အစားထိုးဖို့ ကွန်ဆာဗေးတစ်ပါတီ အတွင်းမှာ ခေါင်းဆောင် ပြန်ရွေးပွဲ လုပ်ဖို့ ပြင်ခဲ့ကြရပါတယ်။ ခေါင်းဆောင် အဖြစ်အရွေးခံမယ့် သူတွေ ပထမပိုင်းမှာ ၃ ယောက် လောက်ရှိပေမယ့် နောက်ပိုင်းမှာ အရွေးမခံ ကြတော့ပဲ ပြန်ဆုတ်သွားကြတာမို့ မစ္စက် ထရီဆာမေ တယောက် ပြိုင်ဘက် ကင်းကင်း နဲ့ ခေါင်းဆောင် ဖြစ်လာတာပါ။ အသက် ၅၉ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ထရီစာမေဟာ ၁၉၉၇ ခုနှစ်ကတည်း က လွှတ်တော်အမတ် ဖြစ်လာခဲ့ပြီး ပါလီမန်မှာတင် သူ့ အတွေ့အကြုံက ၁၉ နှစ် ဖြစ်လာပါပြီ။ ပြည်ထဲရေးဝန်ကြီး တာဝန်ကိုလည်း လွန် ခဲ့တဲ့ ၆ နှစ် ကတည်း က တာဝန်ယူထားတဲ့သူပါ။ သူ့ကို့ အတွေ့အကြုံများသူ အဖြစ် သူ့ လုပ်ဖော်ကိုင်ဖက် တွေ က ဗြိတိန် ဝန်ကြီးချုပ် အဖြစ် လုပ်နိုင့်သူ လို့ ထောက်ခံကြပေမယ့် ဝေဖန်သူတွေ ကတော့ သူ့မှာ အများကို လွှမ်းမိုး ဦးဆောင်နိင်တဲ့ စွမ်းရည်မျိုးမရှိ ဘူးလို့ ပြောကြပါတယ်။

သူ ငယ်စဉ်လူငယ် ဘဝကတည်းက တချိန်မှာ ဗြိတိန် ဝန်ကြီးချုပ် ဖြစ်အောင် လုပ်မယ် ဆိုတဲ့ ရည်မှန်းချက်မျိုး ချထားတဲ့ သူဖြစ်တဲ့အကြောင်း သူ့ သူငယ်ချင်းတွေ က ပြောတာတွေလည်း ရှိပါတယ်။ အောက်စဖို့ဒ် စိန့်ဟူး ကောလိပ်က ကျောင်းကနေ ပထဝီ ဘာသာရပ်နဲ့ကျောင်းပြီး ခဲ့ပြီးတော့ ဘဏ္ဍာရေး လုပ်ငန်း ဘက်မှာ ၆ နှစ် အလုပ်လုပ်ခဲ့ပါသေးတယ်။ အိမ်ထောင်သည်ဖြစ်တဲ့ ထရီစာမေဟာ သူ့အတွက် စီးစရာ လေဒီရှုး ဖိနပ် အဆန်းလေးတွေ ဝတ် တတ်တာကိုလည်း လူတွေကို သတိထားမိစေခဲ့ပါတယ်။ ကွန်ဆာဗေးတစ် ပါတီ က ဆိုပေမယ့် တချို့ကွန်ဆာဗေးတစ်တွေ မကြိုက် တတ်တဲ့ အရေးတွေမှာ ဥပမာ လိင်တူ ချစ်သူတွေ လက်ထပ်ခွင့်အရေး တို့ဘာတို့ ဆိုရင်လည်း သူက ထောက်ခံတဲ့ သူ ပါ။ ပြည်ထဲရေး ကိုင်ထားပေမယ့်လည်း ရဲတပ်ဖွဲ့ ကို ဝေဖန်စရာရှိတာတွေ ပေါ်ပေါ်ထင်ထင် ဝေဖန်ခဲ့တဲ့သူပါ။ အခု Brexit ဗြိတိန် ဥရောပသမဂ္ဂ က ထွက် ဖို့အရေး ဆန္ဒမဲ ခံယူတုန်း က သူ က ဥရောပ သမဂ္ဂမှာ ဆက်နေရေး ဘက်က ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ဥရောပ သမဂ္ဂ ကနေ ထွက်ဖို့ လူထုက ဆုံးဖြတ်လိုက်လို့ လူထုဆန္ဒခံယူပွဲတွေ ထပ်လုပ်မှာ မဟုတ်တဲ့အကြောင်း နဲ့ ဒီထွက်ပေါ်လာတဲ့ ရလဒ် ကနေ အောင်မြင်မှု ရအောင် လုပ်သွားမယ့်အကြောင်း ပြောခဲ့ပါတယ်။

Credit : BBC Burmese



Follow us on