1. Home
  2. International News

iPhone နောက်ကျောက အလျားလိုက်မျဉ်းကြောင်း ၂ ခု ထားရှိရခြင်းရဲ့ ရည်ရွယ်ချက်

International News ก.ค. 15, 2559 view 1,471

iPhone က ကမ္ဘာ့မှာ လူကြိုက်အများဆုံး မိုဘိုင်းလ်ဖုန်း တစ်ခုဖြစ်ပါ။ iPhone ကို လူသန်းနဲ့ချီ ကိုင်ဆောင် အသုံးပြုနေကြပေမယ့် ယင်းကိရိယာရှိ အံ့အားသင့်ဖွယ် လျို့ဝှက်ချက်တချို့အကြောင်း အများစု မသိကြပါဘူး။ ကျွန်ုပ်တို့ iPhone ကို နေ့စဉ်အသုံးပြုကြတာတောင် နှိုက်နှိုက်ချွတ်ချွတ် မသိသေးတဲ့အချက်တချို့ ရှိနေပါသေးတယ်။ iPhone က သူ့ရဲ့သေသပ်လှပတဲ့အသွင်နဲ့ သုံးစွဲသူတွေကို အမြဲဖမ်းစားထားပါတယ်။ iPhone ချစ်သူအားလုံးတို့အတွက် မေးခွန်းထုတ်စရာတစ်ခုရှိပါတယ်။ သင့် iPhone 6 (သို့) 6s ရဲ့ နောက်ဖုံးပေါ်မှာ မျဉ်းကြောင်း ၂ ခု ရှိတာရော သတိပြုမိပါသလား။ အဲဒီမျဉ်းကြောင်းနောက်ကွက်ကအကြောင်းအရင်းရော သိပါသလား။ အလှအပအတွက် သက်သက်လို့ ယူဆရင် မှားပါလိမ့်မယ်။ Apple အနေနဲ့ ဒါတွေကို ရည်ရွယ်ချက်မဲ့ ပုံစံထုတ်မှာ မဟုတ်ပါဘူး။ သဲလွန်စလေးတစ်ခုက ဒီမျဉ်းကြောင်း ၂ ခုကို ရည်ရွယ်ချက်တစ်ခုတည်းအတွက် ရှိနေခြင်း ဖြစ်ပါတယ်။

အဖြေကတော့… iPhone နောက်ကျောက မျဉ်းကြောင်း ၂ ခုဟာ ဧရိယာတိုင် antenna တွေဖြစ်ပါတယ်။ ရေဒီယိုလိုင်း (signals) တွေဟာ အဲဒီပလတ်စတစ်မျဉ်းကြောင်းတွေကတဆင့် ထုတ်လွှတ်ပေးပါတယ်။ ဒါပေမယ့် အရင်က နောက်ဖုံးကို ဖန်ထည်ဖြင့် ပြုလုပ်ထားတော့ အထဲမှာ မြုပ်သွားတာပါ။ Signals တွေ ဖန်သားကနေတဆင့် အလွယ်တကူ ထွက်နိုင်ပေမယ့် အလူမီနီယမ်ကနေတဆင့် မထွက်နိုင်ပါဘူး။ များသောအားဖြင့် ဖုန်းနောက်ဗာကာတွေကို ကြွေထည်၊ ဖိုင်ဘာ၊ ဖန်ထည် စတာတွေနဲ့ ပြုလုပ်ထားပါတယ်။ iPhone 6 နဲ့ 6s နောက်ဖုံးကို အလူမီနီယမ်ဖြင့် ပြုလုပ်ထားတာမို့ signal ထုတ်လွတ်ဖို့အတွက် နည်းလမ်းတစ်ခု မဖြစ်မနေ ဖန်တီးရန် လိုအပ်လာပါတော့တယ်။ ဒါဟာ iPhone နောက်ကျောက အလျားလိုက်မျဉ်းကြောင်းနှစ်ခု ဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းပဲ ဖြစ်ပါတယ်။

Credit : mayoneyinponepyinmat/



Follow us on