1. Home
  2. International News

ဗင်ဂိုး ကိုယ့်ကိုယ်ကိုယ် သတ်သေရာတွင် အသုံးပြုခဲ့သည့် သေနတ်ကို နယ်သာလန်တွင် ပြသ

International News ก.ค. 15, 2559 view 1,807

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့၏ ကျော်ကြားသည့် ဗင်ဂိုးပြတိုက်တွင် ဒတ်ခ်ျပန်းချီဆရာ ဗင်းဆင့်ဗင်ဂိုး မသေမီ နောက်ဆုံး ၁၈ လ ကာလကို အဓိကထား ပြသမည့်ပြပွဲတစ်ခု ပြုလုပ်မည်ဖြစ်ပြီး ယင်းပြပွဲတွင် ဗင်ဂိုး ကိုယ့်ကိုယ်ကိုယ် သတ်သေရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသော သေနတ်ကိုပါ ပြသမည်ဖြစ်သည်။ On the Verge of Insanity ဟု အမည် ပေးထားသည့် ယင်းပြပွဲကို ဇူလိုင် ၁၅ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ ပြသမည်ဖြစ်ပြီး ဗင်ဂိုး ဘာကြောင့် ၎င်း၏ နားရွက်ကို ဖြတ်ခဲ့သလဲနှင့် ၎င်း၏ စိတ်ကျန်းမာရေး အခြေအနေကြောင့် အသက် ၃၇ နှစ်အရွယ်တွင် သေဆုံးရမှုစသည့် မေးခွန်းများအတွက် အဖြေရှာရန်လည်း ကြိုးပမ်းသွားမည်ဖြစ်သည်။ ဗင်ဂိုး ကိုယ့်ကိုယ်ကိုယ်သတ်သေရာတွင် အသုံးပြုခဲ့သည် 7.0 mm Lefaucheux အိတ်ဆောင် ဆုံလည်သေနတ်ကို လယ်သမားတစ်ဦးက ၎င်းအလုပ်လုပ်ရာ လယ်ကွင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

ယင်းသေနတ်သည် မြေအောက်တွင် နှစ် ၅၀ (သို့မဟုတ်) ၆၀ နီးပါး ရှိနေခဲ့သည်ဟု ပြတိုက်က ထုတ်ပြန်ခဲ့သည်။ ဗင်ဂိုးသည် ၁၈၉၀ ပြည့်နှစ် ဇူလိုင် ၂၇ ရက်တွင် ကိုယ့်ကိုယ်ကိုယ်သေနတ်ဖြင့် ပစ်ခတ်ပြီး ၎င်း နေထိုင်ရာ အိမ်သို့ ဒယိမ်းဒယိုင် ပြန်လာခဲ့သော်လည်း ရင်ဘတ်ကိုထိမှန်သည့် သေနတ်ဒဏ်ရာကြောင့် နာရီ ၃၀ ခန့်အကြာတွင် ကွယ်လွန်ခဲ့သည်။ ယင်းအချိန်တွင် သေနတ်ကို ရှာမတွေ့ခဲ့ပေ။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဗင်ဂိုးအကြောင်း ကျွမ်းကျင်နှံ့စပ်သူများသည် စက်တင်ဘာ ၁၄ ရက်တွင် တွေ့ဆုံပြီး ဗင်ဂိုးနှင့်ပတ်သက်ပြီး ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုများကို ဆွေးနွေးမည်ဖြစ်သည်။

Credit : http://news-eleven.com/



Follow us on