1. Home
  2. International News

တူရကီ ပညာရေးဝန်ထမ်း တစ်သောင်းခွဲကျော်ကို တာဝန်ကနေ ရပ်စဲ

International News ก.ค. 20, 2559 view 1,460

တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် အဲဒီ အာဏာသိမ်းမှုနဲ့ ဆက်နွယ်သူတွေကို ရှင်းလင်း နေရာမှာ ဒီကနေ့ အင်္ဂါနေ့မှာတော့ တူရကီ ပညာရေးဝန်ထမ်း တစ်သောင်းခွဲကျော်ကို တာဝန်ကနေ ရပ်စဲလိုက်ပါတယ်။ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ကြိုးကိုင်ခဲ့သူလို့ ဆိုတဲ့ အမေရိကန်ရောက် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် Fethullah Gulen နဲ့ အချိတ်အဆက် ရှိတယ်ဆိုပြီး အဲဒီ ဝန်ထမ်းတွေကို ပညာရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့တာပါ။အဝေးရောက် ဘာသာရေးခေါင်းဆောင် မစ္စတာ ဂူလန် ကတော့ အဲဒီအာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ပတ်သက်ခံခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

တက္ကသိုလ် ထာနမှုးတစ်ထောင့် ငါးကျော်ကိုလည်း ရာထူးကနေ နုတ်ထွက်ကြဖို့ တူရကီ အထက်တန်း ပညာရေး ဘုတ်အဖွဲ့က အမိန့်ထုတ်ခဲ့ပါတယ်။အမေရိကန်ရောက် မှာ ရောက်ရှိနေထိုင်နေတဲ့ မစ္စတာ ဂူလန်ကို တူရကီဘက်ကို ပြန်လွှဲပြောင်းဖို့ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေရဲ့ အထောက်ထားတွေကို အမေရိကန်ကို ပို့လိုက်ပြီလို့လည်း တူရကီ ၀န်ကြီးချူပ်က ပြောခဲ့ပါတယ်။အာဏာသိမ်းဖို့ ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ထောင်နဲ့ချီတဲ့ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့အရာရှိတွေကို ဖြုတ်ထုတ် ဖမ်းဆီးခဲ့ပြီး ဖြစ်ပါတယ်။

Credit : BBC Burmese



Follow us on