1. Home
  2. International News

ထိပ်ပြောင်နေသည့် ပြင်သစ်သမ္မတ၏ ဆံသဆရာက သမ္မတထက် လစာပိုမိုရရှိ

International News ก.ค. 20, 2559 view 1,559

ထိပ်ပြောင်နေသည့် ပြင်သစ်သမ္မတ အော်လန်းဒီ၏ဆံသဆရာသည် တစ်လ ၀င်ငွေဒေါ်လာ ၁၁၀၀၀ ခန့်ရရှိနေသည် ဟု သိရသည်။ တစ်နိုင်ငံလုံးကိုအုပ်ချုပ်နေသည့် အော်လန်းဒီကိုယ်တိုင်ပင် တစ်လ လျှင် ဒေါ်လာ ၅၅၀၀ ခန့်သာရရှိခြင်းဖြစ်ပြီး Oliver B ဟုသာသိရသောဆံသဆရာသည် ငါးနှစ်သက်တမ်းစာချုပ်ကြောင့် ဒေါ်လာ ၆၆၁၅၆၀ ခန့်ရရှိခဲ့သည်။ စာချုပ်ထဲတွင် အိုလီဗာဘီသည် စာချုပ်သက်တမ်း ကာလအတွင်း လုပ်ဆောင်ခဲ့သည့်အလုပ်များနှင့်ပတ်သက်၍ လျှို့ဝှက်ထားရန်ဟူသည့်အချက်လည်းပါရှိသည်။

ဆံသဆရာသည် ပုံမှန်အားဖြင့် သမ္မတ၏ခရီးသွားဖော်ဖြစ်ပြီး ဆံသဆရာ၏ရှေ့နေသည် မိမိ ထမ်းထားရသည့်ဝန်များနှင့်ညီမျှသည့်လစာကိုရရှိခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။ ရှေ့နေက“သမ္မတနားမှာ ၂၄ နာရီနေရတဲ့ သူပါ။ လူစားထိုးလို့လည်းမရပါဘူး။ သူ့ မှာလည်း မိသားစုနဲ့မိတ်ဆွေအပေါင်းအ သင်းဆိုတာရှိပါသေးတယ်”ဟု ဆိုခဲ့သည်။ ဆံသဆရာက မနက်တိုင်း အော်လန်းဒီ၏ဆံပင်ကိုပြင်ဆင်ပေးရပြီး လူမြင်ကွင်းသို့ ထွက်သည့်အခါတိုင်းလည်း ဆံပင်ပြင်ရန် အဆင်သင့်ရှိနေပေးရသည်ဟု သိရသည်။

Credit : Pyi Myanmar



Follow us on