1. Home
  2. International News

Facebook ၏ Messenger ကို အသုံးပြုသူ တစ်ဘီလျံအထိ ရှိလာ

International News ก.ค. 22, 2559 view 1,490

Facebook က ၎င်း၏မိုဘိုင်းဆော့ဝဲ Messenger ကို အသုံးပြုသူ အရေအတွက်သည် တစ်ဘီလျံအထိ ရှိလာပြီ ဖြစ်ကြောင်း ဇူလိုင် ၂၀ ရက်တွင် ကြေညာခဲ့ရာ ၀န်ဆောင်မှုသစ်များ တိုးချဲ့ရန် ကြိုးပမ်းနေသော Facebook အတွက် အဓိက မှတ်တိုင်တစ်ခု ဖြစ်လာခဲ့သည်။ လတ်တလောတွင် Facebook ကို သုံးစွဲသူ အရေအတွက်သည် ၁ ဒသမ ၆ ဘီလျံ ရှိနေပြီး Facebook က ၂၀၁၄ ခုနှစ်တွင် ဒေါ်လာဘီလျံ ၂၀ ခန့်ဖြင့် ၀ယ်ယူခဲ့သော စာတိုပေးပို့သည့် အခြားမိုဘိုင်း ဆော့ဝဲတစ်ခုဖြစ်သော WhatsApp ကို အသုံးပြုသူ အရေအတွက်မှာလည်း တစ်ဘီလျံကျော် ရှိခဲ့ပြီးဖြစ်သည်။ Facebook ၏ အခြားဝန်ဆောင်မှုများတွင် သုံးစွဲသူ သန်း ၅၀၀ ကျော်ရှိသော ဓာတ်ပုံများကို ဝေမျှသည့် မိုဘိုင်းဆော့ဝဲ Instagram နှင့် Virtual Reality ကိရိယာဖြစ်သည့် Oculus လည်း ပါဝင်သည်။

Facebook ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဒေးဗစ်မားကပ်က Messenger ၏အဓိက ဈေးကွက်များတွင် မြောက်အမေရိက၊ သြစတြေးလျ၊ ဗြိတိန်၊ ပြင်သစ်၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် အခြားဥရောပ နိုင်ငံအများအပြား ပါဝင်ကြောင်း ပြောကြား ခဲ့သည်။ Facebook က Messenger ကို bots ကဲ့သို့ အခြားဝန်ဆောင်မှုများနှင့်အတူ platform တစ်ခု ဖန်တီးရန် ကြိုးပမ်းနေသည်။ bot သည် သတင်းများ ပေးပို့ရန် သို့မဟုတ် လက်လီလုပ်ငန်းများ သို့မဟုတ် အခြားစီးပွားရေး လုပ်ငန်းများနှင့် ချိတ်ဆက်သည့် ပရိုဂရမ်ဖြစ်သည်။ မားကပ်က Messenger တွင် လတ်တလော၌ အမြဲအသုံးပြုနေသည့် bot ၁၈၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။

Credit : news-eleven.com



Follow us on