အင်္ဂလန်မှာ နေထိုင်ပြီး ကောင်းမွန်ပြည့်စုံတဲ့ သာမန်လူမှုဘဝကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတစ်ဦးဟာ ဒီဘဝကို စွန့်လွှတ်ပြီး နေ့စဉ် အသက်နဲ့ရင်းရတဲ့ စစ်ပွဲရှေ့တန်းမျက်နှာပြင်ကို ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူနေ့စဉ် ချေမှုန်းဖို့ ကြိုးစားနေသူတွေကတော့ ကမ္ဘာတစ်လွှားအကြမ်ဖးက်မှုတွေ လုပ်ဆောင်နေတဲ့ အိုင်အက်စ်အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ အိုက်အက်စ်အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေကို သတင်းတွေကတစ်ဆင့် သူမြင်တွေ့ရပြီးနောက်ပိုင်း အကြမ်းဖက်သမားတွေကို ချေမှုန်းလိုစိတ် သူ့ထံမှာ ဖြစ်လာခဲ့တာပါ။ အဲဒီနောက် ၂၀၁၄ ခုနှစ်သြဂုတ်လမှာ တင်မ်ဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်။
သူပိုင်ဆိုင်သမျှတွေကို ရောင်းချရာမှာ သူနေထိုင်တဲ့အိမ်ကိုပါ ရောင်းပစ်ခဲ့ပါတယ်။ အရှိန်ကောင်းနေတဲ့ သူ့ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းငယ်လေးကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက်တော့ အိုင်အက်စ်တွေကို ချေမှုန်းနေတဲ့ ဆီးရီးယားက ကာဒစ်ရှ်တပ်ဖွဲ့ဝင်တွေထံကို သူထွက်လာခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်သမာေးတွကို ချေမှုန်းလိုတဲ့စိတ်နဲ့ တိုက်ပွဲဝင်ဖို့ လာခဲ့ပေမဲ့ တင်မ်ဟာ တစ်ခါမှ စစ်သင်တန်း တက်ဖူးသူ မဟုတ်ပါဘူး။ စစ်သင်တန်း တက်ဖူးခြင်းမရှိ၊ စစ်အတွေ့အကြုံ လုံးဝမရှိဘဲ ဆီးရီးယား စစ်မြေပြင် ရှေ့တန်းမှာ တိုက်ခိုက်နေတဲ့ ပထမဆုံး ဗြိတိန်အမျိုးသားလို့ ခန့်မှန်းရပါတယ်။
Credit : mayoneyinponepyinmat/