1. Home
  2. International News

အသက် ၁၁၀ သက်တမ်းရှိပြီဖြစ်တဲ့ ချက်ပြုတ်ခံရခါနီး ပုဇွန်ထုပ်ကြီးကို ပြန်လည်ကယ်တင်နိုင်ခဲ့

International News ก.ค. 26, 2559 view 1,776

ဖလော်ရီဒါ စားသောက်ဆိုင်မှ ၁၅ ပေါင်အလေးချိန်ရှိတဲ့ ပုဇွန်ထုပ်ကြီးတစ်ကောင်ကို ချက်ပြုတ်ခါနီးမှာ တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ အကူအညီနဲ့ ရေသတ္တ၀ါပြတိုက်ကို ပို့ပေးခဲ့ကြတာဖြစ်ပါတယ်။ Tin Fish Restaurant မှ Joe Melluso ဟာ ဒီပုဇွန်ထုတ်ကြီးကို ဟင်းချက်ပြုတ်ဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး iRescue ဆိုတဲ့အဖွဲ့မှ John Merritt ဆိုသူက လာရောက်ခါ အကူအညီတောင်းခဲ့တဲ့ အခါမှာတော့ ပုဇွန်ထုတ်ကြီးကို လွှတ်ပေးခဲ့တာဖြစ်ပါသတဲ့။

Melluso ကတော့ သူ့ရဲ့ ပင်လယ်စာဖြန့်ချိရေးပိုင်ရှင်က သူ့ကို ၁၅ ပေါင် အလေးချိန်ရှိပြီး အသက် ၁၀၅ နှစ်နဲ့ ၁၁၀ ကြားရှိတဲ့ ပုဇွန်ထုတ်ကြီးတစ်ကောင် ဆိုင်ကိုပါသွားကြောင်း အသိပေးခဲ့ပေမယ့် သူကတော့ သူ့စားသောက်ဆိုင်အတွက် ချက်ပြုတ်ပစ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ Miami Herald သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“ အဖွဲ့တစ်ဖွဲ့က ရောက်လာပြီး သူ့ကို ကယ်ဆယ်ချင်နေကြကြောင်း သိရတော့ ကျွန်တော့်မှာ ဘာလို့ ဒီလိုကယ်ဆယ်ချင်စိတ် မရှိပါလိမ့်ဆိုပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်သွားတယ်ဗျ “ လို့လည်း သူက ဆိုပါတယ်။ ပုဇွန်ထုတ်ကြီးကိုတော့ Larry လို့ နာမည်ပေးထားပြီး ၁၇ ပေါင်အလေးချိန်ရှိတဲ့ တခြား ပုဇွန်ထုတ်ကြီးဘေးမှာ နေရာချထားပေးမယ်လို့ သိရပါတယ်။

Credit : thithtoolwin.com/



Follow us on