1. Home
  2. International News

ကမ္ဘာ့အရပ်အမြင့်ဆုံးခွေးအဖြစ် သတ်မှတ်ခံရတော့မယ့် အရပ်ခုနစ်ပေမြင့်ခွေးကြီး

International News ก.ค. 28, 2559 view 1,863

ကမ္ဘာ့အရပ်အရှည်ဆုံးဖြစ်လာတော့မယ် ဂရိတ်ဒိန်းအနွယ်ဝင်ခွေးကြီးကတော့ သခင်တွေနဲ့အတူ ဆိုဖာပေါ်မှာ ထိုင်လျက်ရှိနေပါတယ်။ ဒီခွေးကြီးဟာ အသက်သုံးနှစ်အရွယ်ရှိသေးပြီး အရပ်ခုနစ်ပေမြင့်ကာ အလေးချိန်ကတော့ ၁၆၈ ပေါင်အထိ ရှိပါတယ်။ ဝေးလ်စ်နိုင်ငံတောင်ပိုင်းမှာ နေထိုင်ကြတဲ့ ဘရိုယန်ဝီလီယမ်နဲ့ ဂျူလီဝီလီယမ်တို့က ဒီခွေးကို သားသမီးသဖွယ် ပြုစုစောင့်ရှောက်ထားတာပါ။ အဝေးကနေ ကြည့်လိုက်ရင် မြင်းတစ်ကောင်လို့တောင် ထင်ရပြီး အရွယ်အစားကြီးမားလွန်းတဲ့ ဒီခွေးကြီးဟာ တစ်နေ့ကို ၂၂ နာရီအထိ အိပ်စက်လေ့ရှိတယ်လို့ သိရပါတယ်။

အိပ်စက်ရင်လည်း အရွယ်ရောက်ပြီးသား လူတစ်ယောက်အိပ်စက်လို့ရတဲ့ မွေ့ယာကြီးပေါ်မှာ အိပ်စက်လေ့ရှိပြီး အဓိကအစားအစာအနေနဲ့တော့ ကြက်သားနဲ့ ဆန်ကို စားသုံးလေ့ရှိတယ်လို့ သိရပါတယ်။ဒီခွေးကြီးဟာ အရပ် ခုနစ်ပေမြင့်တာကြောင့် သခင်တွေက ပျော်ရွှင်နေကြပြီး မကြာခင်မှာ ဒီခွေးကြီးဟာ အရပ်အမြင့်ဆုံးအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းမှာ ပါဝင်သွားနိုင်တော့မှာပါ။ သခင်ဖြစ်သူ ဘရိုင်ယန်ဝီလီယမ်ကတော့ “ဒီကောင်ကြီးက အရပ်လည်းမြင့်သလို ၊ အတော်လေးကိုလည်း လိမ္မာတဲ့ နှလုံးသားရှိတဲ့ ခွေးကြီးပါ။ သူဟာ အရမ်းကို မှော်ဆန်တဲ့ တိရစ္ဆာန်တစ်ကောင်ပါပဲ။ သူက အိမ်နီးနားချင်းတွေဆီကို သွားလည်လေ့ရှိပြီး သူပြန်ဝင်လို့မရမှာစိုးလို့ ဘယ်တော့မှလည်း တံခါးတွေကို လော့ခ်ချသွားလေ့မရှိပါဘူး။ တစ်ခါတစ်လေတော့ ဒီကောင်ကြီးဟာ သူ့ရဲ့ပုံစံကိုသူပြန်ကြည့်ပြီး လန့်နေတတ်တယ်။

သူ့ကြောင့် ကျွန်တော်တို့မှာ ပျော်ရွှင်မှုတွေသာ ရရှိခဲ့ပါတယ်။ ဘယ်တုန်းကမှ ပြဿနာတွေ မလုပ်ဖူးပါဘူး။ ” လို့ ပြောကြားခဲ့တာပါ။ဒီခွေးရဲ့ နာမည်ကိုတော့ “မေဂျာ” လို့အမည်ပေးထားပြီး တစ်ခြားအရပ်အရှည်ဆုံးဂရိတ်ဒိန်းခွေးတွေဖြစ်ကြတဲ့ ဖရက်ဒီနဲ့ ရိုကိုတို့ကိုလည်း အသာလေးကျော်တက်နိုင်ခဲ့ပါတယ်။ အရင်တုန်းက အရပ်အရှည်ဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံ အရီဇိုးနားက ခွေးကြီး “ဂျော့ခ်ျ” ဆီက မှတ်တမ်းကိုတာ့ မေဂျာတစ်ယောက် လွဲပြောင်းရယူသွားတော့မှာပါ။ ဒီလိုမျိုး လိမ္မာတဲ့ ခွေးမျိုးတစ်ကောင်လောက်ရှိရင်တော့ အတော်လေးကို ပျော်ဖို့ကောင်းမယ်လို့လည်း ထင်မိပါတယ်။

Credit : knowledge.thithtoolwin.com/



Follow us on