1. Home
  2. International News

ရေကူးဝတ်စုံဝတ်ထားသည့် ရဲမေကခါးပိုက်နှိုက်ကို လိုက်ဖမ်းပေး

International News ส.ค. 01, 2559 view 1,544

ဆွီဒင်ရဲမေတစ်ယောက်ဟာ တာဝန်ချိန်ပြင်ပမှာ ရေကူးဝတ်စုံဝတ်ပြီး စိတ် အေးလက်အေး နေပူဆာလှုံနေပေမယ့် မဟုတ်တာ တွေ့ရင်တော့တစ်ခါတည်း ၀င်လုပ်တာပါပဲ။ ခါးပိုက်နှိုက်လို့ သံသယဖြစ်စရာ လူတစ်ယောက်ကို မီခီလာကယ်နာမြေကြီးပေါ် ဖိလှဲချထားပုံဟာ ဆွီဒင် လူမှုကွန်ရက်မှာတော်တော်လေး ရေပန်းစားသွားခဲ့ပါတယ်။ “ရဲမေလုပ်သက် ၁၁ နှစ်အတွင်း အခုလို ရေကူးဝတ်စုံနဲ့ ပထမဦးဆုံး သူခိုးဖမ်းဖူးတာပဲ“ လို့ သူက အွန်လိုင်းမှာရေးခဲ့ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ ကယ်နာနဲ့သူငယ်ချင်းသုံးယောက် စတော့ခ်ဟုမ်းပန်းခြံမှာ နေပူဆာလှုံနေတုန်း အိမ်ခြေရာမဲ့တစ်ယောက်က သတင်းစာလာရောင်းပါတယ်။

အဲဒီလူထွက်သွားပြီးလို့ မကြာခင်မှာပဲ သူငယ်ချင်း တစ်ယောက်ရဲ့ဖုန်းမရှိတော့ပါဘူး။ ဒါနဲ့ ကယ်နာနဲ့ တခြားရဲအရာရှိ တစ်ယောက်က အဲဒီလူနောက်ကို တစ်ဟုန်ထိုးလိုက်တော့တာပါပဲ။ “ငါ ရေကူးဝတ်စုံကြီးနဲ့ ပါလားဆိုပြီး တွန့်ဆုတ်တဲ့စိတ် လုံးဝမဖြစ်မိဘူး“ လို့သူက ပြောပြပါတယ်။ “အဲဒီအချိန်မှာ ကိုယ်တုံးလုံးနဲ့ဖြစ်နေမယ် ဆိုရင်လည်း မဟုတ်တာတွေ့လို့ကတော့ ကျွန်မက လုံးဝလက်တွန့်မှာမဟုတ်ဘူး“ လို့ သူက ဆက်ပြောသွားပါတယ်။

Credit : Pyi Myanmar



Follow us on