အိန္ဒိယနိုင်ငံ၊ ချန်နိုင်မြို့မှ မစ္စတာ ပေါလ်ဆိုသူ အမျိုးသားကမိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရမည့်ဘေးမှ ကယ်တင်လိုက်ကြောင်း သိရသည်။ ၎င်းင်းက ၎င်းကြုံခဲ့ရပုံကို ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့ရာ ထိုရေးသားချက်သည် အွန်လိုင်းတွင် လူကြိုက်များသွားခဲ့သည်။ ဖြစ်ပုံမှာ ဤသို့ဖြစ်သည်။ ဇူလိုင်လ ၂၃ ရက် ညပိုင်းတွင် ရုပ်ရှင်ကြည့်ပြီးပြန်အလာလမ်းတွင် ၎င်းက အပေါ့အပါးသွားလိုသဖြင့် လမ်းခုလပ်တွင် ရပ်လိုက်သည်။ ထိုအချိန်တွင်အော် သံသဲ့သဲ့ကို ကြားလိုက်ရလေသည်။ ပထမတွင် ၎င်းက ထိုအသံကိုကြောင် သို့မဟုတ် တိရစ္ဆာန်တစ်ကောင်ကောင်၏ အော်သံဟု ထင်လိုက်မိလေသည်။ သို့သော် နောက်ပိုင်းတွင်မှ ယင်းအသံသည် အကူအညီ တောင်းနေသံမှန်း သိလိုက်ရလေသည်။ အနီးဝန်းကျင်ကို သွားရောက်စူးစမ်းကြည့် သောအခါတွင်မှ အမျိုးသားသုံးဦးက မိန်းကလေးတစ်ဦးကို အတင်းအဓမ္မ အ၀တ်အစား ဆွဲချွတ်ရန် လုပ်နေကြောင်း တွေ့သွားတော့သည်။
၎င်းက အထက်ပါလူသုံးဦးကို အော်လိုက်ပြီးမိန်းကလေးကို ၀င်ကယ်ရန်ကြိုးပမ်းတော့သည်။ အဆိုပါ လူသုံးဦးကလည်း ၎င်းကို ကြိုးဖြင့် လည်ပင်းညှစ်တော့သည်။ ယင်းကိုအခွင့် ကောင်းယူကာ မိန်းကလေးကထွက်ပြေးသွားပြီး သုံးဘီးကားတစ်စီးကို သွားတားလိုက်တော့သည်။ သုံးဘီးကားဆရာနှင့် မစ္စတာပေါလ်တို့ နှစ်ဦးပေါင်း တိုက်ခိုက်သဖြင့် အမျိုးသားသုံးဦးမှာထွက်ပြေး သွားတော့သည်။ ဘေးဒုက္ခမှ လွတ်လာသည့်မိန်းကလေးက ရဲစခန်းတွင်အမှုမဖွင့် လိုဟု ဆိုလေသည်။ မစ္စတာပေါလ်က ၎င်းလည်ပင်းမှဒဏ်ရာကို ဓာတ်ပုံရိုက်ကာ အွန်လိုင်းတွင် ထိုအဖြစ်သနစ်ကို ရေးသားလိုက်တော့ခြင်းဖြစ်သည်။
Credit : Pyi Myanmar