1. Home
  2. International News

Panasonic ကုမ္ပဏီ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာမှာ စမတ်ဖုန်းစီးပွားရေးလုပ်ငန်း ချဲ့ထွင်ဖို့ ဆန္ဒရှိနေ

International News ส.ค. 02, 2559 view 1,519

ဂျပန် Panasonic ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းစီးပွားရေးလုပ်ငန်းကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ မှာချဲ့ထွင်ဖို့ ဆန္ဒရှိနေတယ်လို့ The Financial Express သတင်းဌာနက ရေးသားဖော်ပြပါတယ်။ ဂျပန်ကုမ္ပဏီအနေနဲ့ လာမယ့်(၃)လ (၄)လအတွင်းမှာ ဒေသတွင်း မိုဘိုင်းဈေးကွက်ကို ၀င်ရောက်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းကဆိုထားပါတယ်။ လာမယ့် (၃) ၊ (၄)လအတွင်းကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့မှာ မိတ်ဆက်မှုတွေပြုလုပ်သွားမယ်လို့ Panasonic India ရဲ့ တာဝန်ရှိသူတစ်ဦးက အိန္ဒိယ PTI သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ Panasonic ရဲ့ စမတ်ဖုန်းအသစ်ဖြစ်တဲ့ အက်လူဂါ အက် 2(ELUGA Arc 2) ကိုလည်း အိန္ဒိယနိုင်ငံမှာမိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်လို့ အဲဒီတာဝန်ရှိသူကပြောပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ 4G အသံလှိုင်းကို ထောက်ပံ့ပေးနိုင်တဲ့ ထုတ်ကုန်တွေကို တိုးချဲ့နေပြီး လာမယ့် လတွေအတွင်း Panasonic ရဲ့ ထုတ်ကုန်အားလုံး 4G ကွန်ရက်ပေါ်က အသံဝန်ဆောင်မှု စနစ်ကို ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့လည်းဆိုခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်းဈေးကွက်မှာ သုံးစွဲသူများပြားတဲ့ ဖုန်းအမျိုးအစားတွေအဖြစ် Samsung ၊ Xiaomi နဲ့ Huawei အစရှိတဲ့ တံဆိပ်တွေက နေရာယူထားပါတယ်။

Credit : mayoneyinponepyinmat/



Follow us on