1. Home
  2. International News

မန္နီပတ္ကြီယို လက်ဝှေ့ကြိုးဝိုင်းထဲသို့ ပြန်လာမည်

International News ส.ค. 05, 2559 view 1,498

လက်ဝှေ့ဝိတ်တန်း ရှစ်ခုမှာ ချံပီယံဟောင်းတစ်ဦးဖြစ်ခဲ့သူ မန်နီပတ်ကွီယို(Manny Pacquiao) က ယခုလာမည့် နိုဝင်ဘာလ ၅ ရက်နေ့တွင် အမေရိကန် WBO welterweight ချံပီယံ ဂျက်စီဗားဂစ်(Jessie Vargas) နဲ့ ယှဉ်ပြိုင်ထိုးသတ်တော့မှာဖြစ်ပါတယ်။

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ပက်ကွီယို က ပြီးခဲ့တဲ့ ဧပြီလက ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ တီမိုသီ ဘရတ်လေ(Timothy Bradley) ကို အနိုင်ရပြီးနောက် သူ့အနားယူတော့မယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ပက်ကွီယိုရဲ့ မြှင့်တင်ရေးသမားဖြစ်သူ ဘော့အာရမ်(Bob Arum) က ပက်ကွီယို ဒီနှစ်ထဲမှာ ထပ်မံ ထိုးသတ်လိမ့်ဦးမယ်လို့ ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပါတယ်။

ပက်ကွီယိုရဲ့ မန်နေဂျာဖြစ်သူ မိုက်ကယ်ကွန့်(Michale Koncz) က -

“အငြိမ်းစားယူတယ်ဆိုတဲ့ ဝေါဟာရနဲ့ မန်နီနဲ့က အခုချိန်မှာ မလိုက်ဖက်သေးပါဘူး”
“လက်ဝှေ့ထိုးဖို့က သူ့ရဲ့သွေးထဲမှာကို ရှိနေတာပါ၊ သူလေ့ကျင့်ခန်းဆင်းတဲ့အခါတိုင်း စိတ်ဖိစီးမှုတွေ လျှော့ကျလာတယ်၊ သွက်လက်တဲ့ဟန်တွေပြောင်းသွားပြီး သူပျော်လာတာကို တွေ့မှာပါ”
“သူ့အတွက် ပွဲတွေ၊ လေ့ကျင့်ဖို့တွေ စီစဉ်ပေးနေရတာက စိတ်လှုပ်ရှားဖို့ကောင်းပါတယ်” ဟု လော့စ်အိန်းဂျလိစ်တိုင်းမ် ကို ပြောခဲ့ပါတယ်။

ပက်ကွီယိုနဲ့ သူ့အဖွဲ့ဟာ သြဂုတ်လ ၁၀ ရက်နေ့ကျရင် မနီလာမှာ ဆုံတွေကြဖို့ရှိပြီး အသက် ၂၇ နှစ်အရွယ် ဗားဂစ် နဲ့ ထိုးသတ်မယ့်ပွဲကို လော့စ်အိန်းဂျလိစ် မှာလုပ်မလား၊ ဒူဘိုင်းမှာ ကျင်းပမလားဆိုတာကို တိုင်ပင်ကြဖို့ဖြစ်ပါတယ်။

နိုင်ငံရေးကို အာရုံပိုစိုက်နိုင်ဖို့ သူ့ရဲ့ လက်ဝှေ့ထိုးခြင်းအလုပ်ကို အဆုံးသတ်နေတဲ့ ပက်ကွီယိုဟာ မေလမှာ ပြုလုပ်ခဲ့တဲ့ ဖီလစ်ပိုင် ဆီးနိတ်လွှတ်တော် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။

ပက်ကွီယိုရဲ့ ပြိုင်ဘက်ဖြစ်လာမယ့် ဗားဂစ် က ပွဲစဉ်တစ်လျှောက် အလဲထိုး၊ ဒိုင်ပွဲရပ် ၁၀ ပွဲနိုင်ခဲ့ပြီး၊ မနှစ်က ဘရတ်လေနဲ့ ထိုးတဲ့ပွဲမှာပဲ အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ပက်ကွီယိုက ပွဲစဉ် ၆၆ ပွဲထိုးသတ်ခဲ့ပြီး ၅၈ ပွဲအနိုင်ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

Ref: BBC
 



Follow us on