1. Home
  2. International News

အမေရိကန် လေဆိပ်တစ်ခုတွင် ထိန်းသိမ်းစစ်ဆေးခြင်း ခံခဲ့ရသည့် ရှရွတ်ခန်

International News ส.ค. 12, 2559 view 1,518

ကမ္ဘာကျော် အိန္ဒိယမင်းသား ရှရွတ်ခန်သည် အမေရိကန်လေဆိပ်တွင် ခေတ္တထိန်းသိမ်းခံရကြောင်း သိရသည်။ ခန်သည် မိမိကိုယ်နိုင်ငံတကာလေဆိပ်တွင် တာဝန်ရှိများက ထိန်းသိမ်းစစ်ဆေးခဲ့သည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြောင်း ၄င်း၏ Twitter တွင်ရေးသားခဲ့သည်။ ၄င်းအနေဖြင့် မည်သည့်အကြောင်းအရင်းကြောင့် ထိန်းသိမ်းခံရသည်ကို အသေချာမသိရှိရပါ။

-၂၀၀၉ ခုနှစ်တုန်းက (၂)နာရီကြာမျှတစ်ကြိမ်

-၂၀၁၂ ခုနှစ်တုန်းက မိနစ် (၉၀)မျှတစ်ကြိမ် ထိန်းသိမ်းခံခဲ့ရဖူးပါတယ်။

၎င်းဖြစ်ရက်များကြောင့်လည်း အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဌာနကို ဝေဖန်ခဲ့ဖူးသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ နောက်ပိုင်းတွင် အမေရိကန် အကောက်ခွန်ဌာနက အလေးအနက် ပြန်လည် တောင်းပန်ခဲ့သည်။ ခန်သည် အထင်ကရ ရုပ်ရှင်ဇာတ်ကား ၇၀ ခန့်တွင် ပါဝင်ခဲ့ပြီး အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင်လောက၏ အခမ်းနားဆုံး ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

Soure : 7daydaily



Follow us on