1. Home
  2. International News

လူလည်ခေါင်မှာပဲ အတွင်းခံတွေကို အောက်ပိုင်းဗလာနဲ့ တစ်ထည်ပြီးတစ်ထည် စမ်းဝတ်ကြည့်တဲ့အမျိုးသမီး

International News ส.ค. 15, 2559 view 1,639

အင်္ဂလန်နိုင်ငံ ဖော်လ်ကီစတုန်းမှာရှိတဲ့ ပရီမာခ်ဈေးဆိုင်တစ်ခုမှာ ၉ ရက်၊ အင်္ဂါနေ့က အမျိုးသမီးတစ်ဦး လူလည်ခေါင်မှာပဲ အတွင်းခံဘောင်းဘီတွေကို အောက်ပိုင်းဗလာနဲ့ တစ်ထည်ပြီးတစ်ထည် စမ်းဝတ်သွားတာကို ဈေးဝယ်သူတွေ တအံ့တသြနဲ့ ကြည့်နေခဲ့ရပါတယ်။

အဝတ်အထည်ရောင်းဆိုင်တွေမှာ အဝတ်လဲခန်းကို တန်းစီစောင့်နေရတတ်တာ တစ်ခါတစ်ရံ စိတ်မရှည်ချင်စရာကောင်းလှပါတယ်။ ဒါပေမယ့် ဘယ်သူကမှတော့ အခုလို လူလည်ခေါင်မှာ အောက်ပိုင်းဗလာဖြစ်အောင် ချွတ်ပြီး အတွင်းခံတွေကို စမ်းဝတ်ကြည့်ဖို့ သူမလို တွေးရဲမှာတော့မဟုတ်ပါဘူး။

မျက်မြင်တွေ့ခဲ့ရသူအချို့က သူမဟာ အတွင်းခံတွေကို လေးထည်ထက်မနည်း ချွတ်လိုက် ဝတ်လိုက်နဲ့ လူတွေကြားထဲမှာတင် စမ်းဝတ်ကြည့်သွားကြောင်း၊ ပြီးမှ ဝတ်ပြီးသားတွေကို စင်ပေါ်ပြန်တင်ထားခဲ့တယ်လို့ ပြောပါတယ်။ အမျိုးသမီးဟာ သူမရဲ့အောက်ပိုင်းအတွင်းခံကို ကြမ်းပြင်ပေါ်ကို ချွတ်ချလိုက်ပြီး အခြားအတွင်းခံဘောင်းဘီတွေကို တစ်ထည်ခြင်း စမ်းဝတ်ခဲ့ပါတယ်၊ အခြားသူတွေ ဝိုင်းကြည့်နေတာကိုတောင် ဂရုစိုက်ပုံမရခဲ့ပါဘူး။

ဈေးဝယ်စင်တာတွေမှာ အဝတ်လဲခန်းတန်းစီရတာ အချိန်ကြာလွန်းတဲ့အတွက် အချို့ဆိုရင် လူကြားထဲမှာပဲ အတွင်းခံဘောင်းဘီတွေကို ဝတ်ထားတဲ့ ဂျင်းပန်တွေပေါ်ကနေ ထပ်ဝတ်ကြည့်နေကြတာမျိုး၊ ဘယာစီရာချွတ်ချပြီး အပေါ်အင်္ကျီကို စမ်းဝတ်ကြတာမျိုးလည်း မကြာခဏတွေ့ရတတ်ပါတယ်။

အဆိုပါအမျိုးသမီးဟာ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။



Follow us on