အိန္ဒိယ အင်ဂျင်နီယာကျောင်းသားများက Iron-man နှင့် Avatar ရုပ်ရှင်ဇာတ်ကားများအပေါ် အတုယူထားပြီး လူကိုယ်မှာဝတ်ဆင်၍ လမ်းလျှောက် ထိန်းကျောင်းနိုင်သည့် ဝတ်စုံတစ်ခုကို တီထွင်ခဲ့ပါတယ်။
စက်မှုကျောင်းသားဖြစ်သူ Vimal Govin Manikandan က သူ့ရဲ့စိတ်ကူးတွေကို အခြားအင်ဂျင်နီယာကျောင်းသားများနှင့် ပူးပေါင်းကာ အကောင်အထည်ဖော်လိုက်ပါတယ်။ ငွေကြေးကျပ်ကျပ်တည်းတည်းနဲ့ ရအောင် တီထွင်ထားတဲ့ အဆိုပါ Iron-man စက်ရုပ်ဝတ်စုံဟာ ဒေါ်လာ ၇၅၀ သာ ကုန်ကျခဲ့ပါတယ်။ ဝတ်စုံကို ဝတ်ဆင်ပြီး အလေးချိန် ပေါင် ၃၀၀ ကျော် (၁၃၀ ကီလို) လောက်ကို အသာလေး မတင်နိုင်ပါလိမ့်မယ်၊ ဒါပေမယ့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမယ့်အပိုင်းတွေ ကျန်ရှိနေပါသေးတယ်။ ဝတ်စုံက ကြီးမားလေးလံနေသေးပြီး ရွှေ့လားမှုတွေကလည်း စိတ်ကြိုက်အတိအကျ ဖြစ်လာဖို့အတွက်ကို ဆက်လက် မြှင့်တင်ဖို့တွေ အများကြီးရှိနေပါသေးတယ်။
ဖျော်ဖြေရေးသက်သက်ထက် ပိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုဝတ်စုံမျိုးကို ယူအက်စ် စစ်ဖက်ဆိုင်ရာတက္ကသိုလ်မှာလည်း စမ်းသပ်တည်ဆောက်လျှက်ရှိပါတယ်။ အနာဂါတ်မှာ ရုပ်ရှင်တွေထဲကလို ရည်ရွယ်ချက်မျိုးစုံနဲ့ စက်ရုပ်တွေ ပေါ်ထွက်လာမှာ မုချဧကန်ဖြစ်လာနိုင်ပါလိမ့်မယ်။