1. Home
  2. International News

စမတ်ဖုန်းတွေကို ထိန်းချုပ်ပေးမယ့် ရွှေရောင်တက်တူး

International News ส.ค. 15, 2559 view 1,528

မိမိရဲ့ လက်မှာထိုးထားတဲ့ တက်တူးကနေ စမတ်ဖုန်းတွေကို ထိန်းချုပ်နိုင်ပြီး၊ NFC ကို သုံးကာ ဒေတာတွေကို ရှယ်လုပ်နိုင်မယ့် ယာယီတက်တူးနည်းပညာတစ်ခုကို Microsoft မှ သုတေသနအဖွဲ့နဲ့ MIT Media Lab မှ PhD ကျောင်းသားများအဖွဲ့က သယ်ဆောင်လာခဲ့ပါပြီ။ သုတေသနပညာရှင်များရဲ့ အဆိုအရ နှစ်သက်ရာ ဂရပ်ဖစ်ဆော့ဝဲတစ်ခုအသုံးပြုပြီး circuit ဒီဇိုင်းတစ်ခုဆွဲကာ လျှပ်စစ်ဓါတ်စီးနိုင်တဲ့ ရွှေစာရွက်(ရွှေဆိုင်း) ပေါ်မှာ ပရင့်ထုတ်ပြီး၊ တင်တူး သက်ဝင်လှုပ်ရှားဖို့ လိုအပ်တဲ့ အခြားပစ္စည်းအစိတ်အပိုင်းများနဲ့ ပေါင်းစပ်ကာ ဝတ်ဆင်ရမှာဖြစ်ပါတယ်။

DuoSkin လို့ အမည်ပေးထားတဲ့ အဆိုပါသုတေသန စမ်းသပ်ချက်စာတမ်းကို နောင်လမှာတင်ပြသွားမယ်လို့ MIT ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ DuoSkin တက်တူးက မိမိရဲ့ အသားကို Touch screen လို ပြောင်းလဲပေးသွားမှာ ဖြစ်ပြီး၊ MIT က ထုတ်ပြထားတဲ့ ပုံမှာဆိုရင် အသားပေါ်မှာ LED မီးလင်းနေတာတောင် ပါပါတယ်။

ယခုနည်းပညာက လွယ်ကူသက်သာမယ်ဆိုရင်တော့ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ဒီဇိုင်မျိုးစုံ ရွှေရောင်တက်တူးနဲ့ လူတွေကို လမ်းပေါ်မှာ သင်တွေ့ရှိရတော့မှာပါ။



Follow us on