1. Home
  2. International News

သီရီလင်္ကာ သမ္မတဟောင်း၏ သားဖြစ်သူကို ငွေကြေး ခဝါချမှုဖြင့် ဖမ်းဆီး

International News ส.ค. 16, 2559 view 1,543

သြဂုတ်လ ၁၅ ရက် (တနင်္လာနေ့) က မြို့တော်ကိုလွန်ဘိုရှိ သီရိလင်္ကာတရားရုံးမှ သီရီလင်္ကာ နိုင်ငံ၏ အင်အားကြီး သမ္မတဟောင်း 'Mahinda Rajapake' ရဲ့ သားအကြီးဆုံးဖြစ်သူ 'Namal Rajapakse' ကို လတ်တလောငွေကြေးခဝါချမှုအတွက် ရမန်အချုပ်ထားခဲ့ပါတယ်။

'Namal Rajapakse’ က သူ့အဖေရဲ့သစ္စာတော်ခံ အတိုက်အခံအုပ်စုဘက်က ဥပဒေပြုလွှတ်တော်အမတ် တစ်ဦးဖြစ်ပြီး၊ ရူပီး ၄၅ သန်း ကို သူ့ရဲ့ ကုမ္ပဏီနှစ်ခုကနေ ငွေကြေးခဝါချခဲ့တဲ့ စွပ်စွဲချက်ကြောင့် မြို့တော် ကိုလွန်ဘိုက တရားရုံးမှာ ကြားနာစစ်ဆေးခံဖို့ ရက်သတ္တပတ် ဖမ်းချုပ်ထားပါတယ်လို့ တရားရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ယခုရင်ဆိုင်ရတဲ့ အမှုက ဒုတိယအမှုဖြစ်ပြီး အခြားတစ်မှုကလည်း ယူအစ်ဒေါ်လာ ၅ သိန်းကို ကိုလွန်ဘိုမြို့ အိမ်ခြံမြေစီးပွားရေးအတွက် အိန္ဒိယကုမ္ပဏီတစ်ခုက ရယူထားတဲ့ အမှုဖြစ်ပါတယ်၊ ဒီအမှုနှစ်ခုကို သီးခြားစီရင်ဆိုင်ရမှာဖြစ်ပါတယ်။

သမ္မတဟောင်းရဲ့ သားငယ်ဖြစ်သူ ‘Yoshitha’ ကလည်း သူပိုင်တဲ့ တီဗီထုတ်လွှင့်မှုချန်နယ်နဲ့ ပက်သက်ပြီး ငွေကြေးခဝါချမှုတွေအတွက်  အလားတူအမှုကို ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလက သမ္မတဟောင်း 'Mahinda Rajapake’ ရဲ့ ညီဖြစ်ပြီး အစိုးရဝန်ကြီးလည်းဖြစ်သူ ‘Basil’ ကို အာဏာပိုင်အဖွဲ့အစည်းက ဖမ်းဆီးခဲ့ပါတယ်။ သမ္မတဟောင်းနဲ့ သူ့ရဲ့ဆွေမျိုးတွေဟာ သီရိလင်္ကာ ရဲ့ နိုင်ငံတော်ဘားဂျတ် ၇၀% လောက်ကို သူ မကျဆုံးခင် ၂၀၁၅ ဇန်နဝါရီလ အထိ ချုပ်ကိုင်ထားခဲ့ပါတယ်။ အဲ့သည်နောက်မှာတော့ ‘Maithripala Sirisena’ က မဲနဲ့ အနိုင်ရခဲ့ပြီး လက်ရှိသမ္မတသစ် ဖြစ်လာခဲ့ပါတယ်။

သမ္မတသစ်ကတော့ ၁၀ နှစ်လောက်အတွင်းမှာ နိုင်ငံရဲ့ ငွေကြေး ဘီလီယံများစွာကို သဲ့ယူခဲ့တဲ့ 'Namal Rajapakse’ မိသားစုဝင်တွေကို အခုလို စုံစမ်းစစ်ဆေးတဲ့ ဖြစ်စဉ်ကို ဦးညွတ်အလေးပေးလိုက်ပါတယ်။

Ref: TheStraitstimes



Follow us on