1. Home
  2. International News

မီးလောင်နေတဲ့ အိမ်ထဲက ၈ လသားကလေးငယ်ကို အသက်ပေးပြီး ကာကွယ်ပေးခဲ့တဲ့ ခွေးလေး

International News ส.ค. 22, 2559 view 1,593

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘယ်လ်တီမိုးမြို့(US) မှာ နေအိမ်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၈ လသားအရွယ် ကလေးငယ်ကို နေအိမ်မှာမွေးထားတဲ့ ခွေးလေးတစ်ကောင်က အသက်ပေးပြီး ကာကွယ်သွားတဲ့ ထူးဆန်းတဲ့ အဖြစ်ပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

မိခင်ဖြစ်သူ အာရီကာပိုရမ်စကီ က အိမ်မီးလောင်နေတဲ့အချိန်မှာ အိမ်အပြင်ဘက်က ကားဆီကို ပြေးထွက်ခဲ့ပြီးမှ အိမ်ထဲမှာ ၈ လသားသမီးလေး ဗီဗီယန်နဲ့ ခွေးလေး ပိုလိုတို့ ကျန်နေခဲ့ပါတယ်။

အိမ်ပေါ်ထပ်မှာ ကျန်ခဲ့တဲ့သမီးလေးကို ပြန်ဝင်ကယ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် မီးခိုးလုံးကြီးတွေနဲ့ မီးတောက်တွေကြားမှာ မီးဟတ်ခဲ့တာကြောင့် မကျော်လွှားနိုင်ခဲ့ပါဘူး။

မီးသတ်သမားတွေ ရောက်လာပြီး မီးငြိမ်းသတ်ပြီးချိန်မှာတော့ သမီးလေးဗီဗီယန်ကို ခွေးလေး ပိုလိုက အပေါ်ကနေ မီးမလောင်အောင် ကာကွယ်ပေးထားရင်း သေးဆုံးနေတာကို တွေ့ရပါတယ်။

သမီးလေးဗီဗီယန်က ခွေးလေပိုလို ကာကွယ်ပေးခဲ့လို့ အသက်ရှင်ကျန်ခဲ့ပေမယ့် မီးလောင်ဒဏ်ရာတွေကြောင့် ဆေးရုံပေါ်မှာ စိုးရိမ်စရာအခြေအနေနဲ့ ကုသမှုခံယူနေရဆဲဖြစ်ပါတယ်။

Ref: yahoo



Follow us on