1. Home
  2. International News

အသေခံဗုံးခွဲမယ့် ကလေးငယ်ဆီက ဗုံးခါးပတ်ကို အသက်စွန့်ပြီး ဖြုတ်ပေးနေတဲ့ ရဲအရာရှိများ

International News ส.ค. 23, 2559 view 1,514

အသေခံဗုံးခွဲ တိုက်ခိုက်မယ် ၁၂ရွယ် လူငယ်တစ်ဦးကို အီရတ်နိုင်ငံ ကာကွတ်မြို့မှာဖမ်းဆီးရမိပါတယ်။ထိုလူငယ်ဟာ အကြမ်းဖက်တိုက်ခိုက်မယ့် အစီစဉ်နဲ့ အသေခံဗုံးခွဲခါတ်ပတ် ကိုဝတ်ဆင်လာပါတယ်။အဆိုပါလူငယ်ကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်လေးဦးခန့်က ၀ိုင်းဝန်းဖမ်းချုပ်ပြီး အသေခံဗုံးခွဲမယ် ခါးကိုခက်ခဲစွာဖြုတ်နေတဲ့ ဗီယိုဖိုင်လည်းအင်တာနက်မီဒီယာတွေမှာ ပျံနှံ့လာပါတယ်။

တူရကီမင်္ဂလာဆောင်မှာ အသေခံဗုံးခွဲခဲ့သူကလည်း အသက် ၁၂ အရွယ်သာရှိသေးတဲ့ လူငယ်လေး ဖြစ်ပါတယ်။အီရတ်နိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ အဆိုပါလူငယ်လေးဟာ အကြမ်းဖက်ဖို့ သွေးထိုးစည်းရုံးခံရသူလား၊ ဒါမှမဟုတ် အတင်းအကျပ် ဖိအားပေးခံရသူလားဆိုတာတော့ မသိရသေးပါဘူး။အဆိုပါ လူငယ်လေးဟာ ရှီယားဗလီဧရိယာနားမှာ ဗုံးဖောက်ခွဲဖို့ အမိန့်ပေးခြင်းခံထားရသူဖြစ်ပါတယ်။

Soure : Duwun



Follow us on