1. Home
  2. International News

ဘဏ်ကဒ်အတုများ သုံး၍ ATM စက်ထဲမှ ငွေထုတ်ယူခဲ့သည် ရုရှားလူမျိုး သုံးဦးကို ဖမ်းဆီးထောင်ချ

International News ก.ย. 02, 2559 view 1,695
ဗီယမ်နန်နိုင်ငံတွင် ATM ကဒ်အတုများသုံးကာ ယူအက်စ်ဒေါ်လာ ၁၃,၄၀၀ တန်ဖိုးရှိ ငွေများ လိမ်လည်ထုတ်ယူခဲ့သော ရုရှား ၃ ဦးကို ဖမ်းဆီးထောင်ချလိုက်ပါတယ်။
 
အသက် ၃၀ နှစ် နှင့် ၄၃ နှစ်အရွယ်ကြား တရားခံများကိုပြီးခဲ့တဲ့ အောက်တိုဘာလထဲက ထိန်းသိမ်းထားခဲ့ပြီး အမှုစစ်ဆေးခဲ့ပါတယ်။ သူတို့ထဲမှ တစ်ဦးက ထိန်းသိမ်းထားစဉ်အတွင်း ဇွန်းနှင့် သွားပွတ်တံကိုသုံးကာ လှိုဏ်ခေါင်းတူးပြီး ထောင်ဖောက်ပြေးရန် ကြိုးစားခဲ့ပါတယ်။ ထောင်အစောင့်က တွေ့ရှိခဲ့တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။
 
တရားခံများကို ဘဏ်ကာဒ်အတုလုပ်မှုနဲ့ ထောင်ဒဏ် ၆ နှစ်စီချမှတ်ခဲ့ပြီး ထောင်ဖောက်ပြေးဖို့ ကြိုးစားခဲ့သူကိုတော့ နောက်ထပ် ထောင် ၆ လ ထပ်မံကျခံစေပါတယ်။
 
ဟိုချီမင်းမြို့ တောင်ဘက်နဲ့ ခမ်ဟွာနယ်မြေထဲမှာရှိတဲ့ ATM စက်တွေကနေ ထုတ်ယူခဲ့တယ်လို့ သြဂုတ်လ ၃၁ ရက်နေ့က ဝန်ခံဖြောင့်ချက်ပေးခဲ့ပါတယ်။
 
 
သူတို့ သုံးဦးဟာ ဗီယမ်နန်ကို အောက်တိုဘာ လလယ်ပိုင်းလောက်မှာ ရောက်ရှိလာခဲ့ပြီး လကုန်ပိုင်းလောက်မှာ ATM စက်တွေကနေ ငွေထုတ်ယူနေစဉ် အဖမ်းခံခဲ့ရတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
 
ယခုရက်သတ္တပတ် အစောပိုင်းမှာ တူရကီလူမျိုးနှစ်ဦးကို သီးခြားအမှုနဲ့ ထောင်ဒဏ် ၅ နှစ်စီ ဟိုချီမင်းမြို့မှာ ချမှတ်ခဲ့ပါတယ်။
 
ယူအက်စ်ဒေါ်လာ ၁၃,၄၀၀ တန်ဖိုးရှိ ငွေများကို ခုတ်ယူခဲ့တဲ့ ကဒ်အတု ၁၃၀ ဟာ တူရကီနိုင်ငံမှာ ပြုလုပ်ထားတာပါဟု Tuoi Tre သတင်းစာက ဖော်ပြထားသည်။
 
ထိုင်းနိုင်ငံအနီးမှာလည်း ATM ကဒ်အတုထည့်ပြီး ယူအက်စ်ဒေါ်လာ ၃၄၆,၀၀၀ တန်ဖိုး ထုတ်ယူသွားသူကို အပူတစ်ပြင်းရှာဖွေလျက်ရှိပါတယ်။ ထိုင်းအာဏာပိုင်များက ခိုးယူမှုများ၏ နောက်ကွယ်ကနေ ကြိုးကိုင်နေသည်ဟု ယုံကြည်ထားတဲ့ ရုရှားတစ်ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။
 
Ref:CNA

 



Follow us on