1. Home
  2. International News

ဘုန်းတော်ကြီးအဖြစ်နှင့် ၁၆ နှစ်ကြာ တိမ်းရှောင်နေတဲ့ နိုက်ကလပ်လူသတ်သမား ဖမ်းဆီးမိ

International News ก.ย. 02, 2559 view 1,560

ဗုဒ္ဓဘာသာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို လွန်ခဲ့သော ၁၆ နှစ်က နိုက်ကလပ်တွင် လူသုံးဦးကို သတ်ပြီးထွက်ပြေး တိမ်းရှောင်နေမှုနှင့် တရုပ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ "ရှန်လီဝေ"သည် လူသတ်မှုဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရောင်နေခဲ့ပြီး "ဝမ်ရှီဂန်" ဟုအမည်ပြောင်းလဲကာ အန်ဟွိုင်ဒေသရှိ ဂျူဟွာတောင်တွင် ဘုန်းကြီးဝတ်ကာ ဘဝသစ်ကို ဇာတ်မြုတ်ပြီး စတင်ခဲ့ပါတယ်။ ဂျူဟွာတောင်သည် တရုပ်ဗုဒ္ဓဘာသာဝင်တို့ အထွက်အမြတ်ထားရာ တောင်လေးလုံးထဲမှာ တစ်လုံးအပါအဝင်ဖြစ်ပါတယ်။

ရှန်လီဝေသည် အန်ဟွိုင်ဒေသတွင် အထွဋ်အမြတ်ထား လေးစားခံရသော ဘုန်းတော်ကြီးတစ်ပါးဖြစ်လာခဲ့ပါတယ်။ ဗုဒ္ဓဘာသာကိုယ်စားပြုအသင်းမှာလည်း အရေးပါတဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သလို၊ ဒေသတွင်းနိုင်ငံရေးအကြံပေးပုဂ္ဂိုလ်အဖွဲ့မှာလည်း အသင်းသားတစ်ဦးဖြစ်လာခဲ့ပါတယ်။ 
 
ရှန်သည် ပြည်ပခရီးတစ်ခုအတွက် ပတ်စပို့ပြုလုပ်ရန် လက်ဗွေစစ်ဆေးခံခဲ့တဲ့အခါမှာ ရဲအဖွဲ့က စတင်ခြေရာခံမိခဲ့ခြင်းဖြစ်သည်။ မွေးရပ်ဒေသဖြစ်သော ဟီလောင်ရှန်းတွင် လူသုံးဦးကို သတ်ဖြတ်ခဲ့သည့် လူငါးဦးအဖွဲ့တွင် ပါဝင်သူဖြစ်ကြောင်း ရဲအဖွဲ့က ထုတ်ဖော်ခဲ့ပြီး သြဂုတ်လ ၁၂ နေ့မှာဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ရှန်ဖမ်းဆီးခြင်းခံရတဲ့ အန်ဟွိုင် နဲ့ အခင်းဖြစ်ပွားခဲ့တဲ့ ဟီလောင်ရှန်း သည် မိုင်ပေါင်း ၁၀၀၀ ခန့် ကွာဝေးပါတယ်။
 
အားလုံးအံ့သြနေကြတယ်၊ ဆရာတော်က အလုပ်ကြိုးစားပြီး တာဝန်သိတတ်တဲ့ ပုဂ္ဂိုလ်မျိုးပါ၊ ဒီလိုကိစ္စမျိုးတွေမှာ သူလိုလူမျိုးပါဝင်တယ်လို့ ဘယ်သူကမှ ထင်ထားမလဲ..?
ဟု အန်ဟွိုင်ရှိ ကိုးကွယ်ယုံကြည်မှုရေးရာ ဗျူရိုမှ တာဝန်ရှိသူတစ်ဦးက Beijing Newsသို့ ပြောကြားခဲ့သည်။
တရုပ်ဗုဒ္ဓဘာသာအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ ကျောင်းထိုင်ဆရာတော်ဟောင်းလဲဖြစ်သူ ဟူကွင်းက
"သူ့ဆံပင်တွေကို ရိတ်ပေးပြီး ဘွဲ့အမည်ပေးကာ သာသနာ့ဘောင်ထဲ သွပ်သွင်းပေးလိုက်တာပါပဲ" ဟု ဆိုပါသည်။
သူက တစ်ဆက်ထဲမှာပင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းထဲက သာသနာ့ဘောင်ဝင်ဖို့ အတွက် နောက်ကြောင်းရာဇဝင် စစ်ဆေးမှုလုပ်တာတွေ အားနည်းခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ 
 
ရှန်လီဝေသည် ဘုန်းကြီးကျောင်း တစ်ကျောင်းမှ တစ်ကျောင်းသို့ ပြောင်းလဲ သီတင်းသုံးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က သီတင်းသုံးဖော် ကိုယ်တော်များက ကျောင်းထိုင်ဆရာတော်အဖြစ် ဝိုင်းဝန်းတင်မြောက်ခြင်းခံခဲ့ရပါတယ်။ 
 
ဗုဒ္ဓက အမှားကိုလက်ခံပြီး နောင်တရတတ်ဖို့ သင်ကြားပေးထားတယ်လေ၊ သူ့အနေနဲ့ တစ်ကယ်နောင်တရတယ်ဆိုရင်တော့ အပြစ်တွေအတွက် ဆေးကြောသင့်ပါတယ်

လို့ သီလရှင်ဆရာကြီးတစ်ပါးက မှတ်ချက်ပြုခဲ့ပါသည်။

Ref: BeijingNews



Follow us on