1. Home
  2. International News

မိဘမဲ့ဝက်ပေါက်ကလေးများကို မိခင်မေတ္တာဖြင့်စောင့်ရှောက်သည့် ခွေးမကြီး

International News ก.ย. 05, 2559 view 1,518

- မိခင်ဖြစ်သူသေဆုံးသွားပြီး ကျန်နေခဲ့တဲ့ ၀က်ပေါက်ကလေးတွေကို လင်ဒါအမည်ရတဲ့ ခွေးမကြီးက နို့ချိုတိုက်ကျွေးပြီး ပြုစုစောင့်ရှောက်ခဲ့တာပါ

- ဒီအဖြစ်အပျက်ဟာ ကျူးဘားနိုင်ငံ၊ ပလေယာ လာဂါမြို့မှာ ဖြစ်ပျက်ခဲ့တာလို့ သြ စတေးလျနိုင်ငံအခြေစိုက် အေဘီစီသတင်းမှာ ဖော်ပြခဲ့ပါတယ်

ပိုင်ရှင်ဖြစ်သူ အစ်ဂနိုစီယို အက်စတီဗက်ဇ်က “၀က်ကလေးတွေရဲ့ မိခင်ဝက်မကြီး သေသွားတဲ့နောက်မှာ ၀က်ပေါက်ကလေးတွေ ကျန်နေခဲ့တယ်။ အိမ်မှာ ခွေးမကြီးကလည်း မွေးထားကာစဆိုတော့ (သဘောတူမယ်ဆိုရင်) ခွေးပေါက်ကလေးတွေနဲ့ အတူတူထားဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ပြောပါတယ်။ “ပထမဆုံးရက်မှာတော့ ခွေးမကြီးဟာ ချီတုံချတုံဖြစ်နေသေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူဟာ ၀က်ပေါက်ကလေးတွေကိုပါ နို့တိုက်ပါတယ်။ ၁ ပါတ် လောက်အကြာမှာတော့ သူဟာ ၀က်ပေါက်ကလေးတွေကိုပါ သူ့ရင်သွေးတွေလိုပဲ ပြု စုစောင့်ရှောက်နေပါတယ်။”

Soure : burmese.dvb.no/



Follow us on