1. Home
  2. International News

မိခင်နဲ့ သမီးအရင်းတို့ လက်ထပ်ခဲ့တာကြောင့် ဖမ်းဆီးစစ်ဆေး

International News ก.ย. 09, 2559 view 1,831
အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်၊ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၃ နှစ်အရွယ် သမီးအရင်းဖြစ်သူတို့ကို သွေးသားအရင်းချာခြင်း လက်ထပ်ထားကြောင်း တွေ့ရှိခဲ့တဲ့အတွက် အာဏာပိုင်တွေက တရားစွဲခဲ့ပါတယ်။
 
မိခင်ဖြစ်သူ 'ပက်ထရစ်ရှာ စပန်း' ဟာ လွန်ခဲ့တဲ့ နှစ်တွေက သားသမီးတွေကို အုပ်ထိန်းပိုင်ခွင့် ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ သူမရဲ့ သမီးဖြစ်သူ 'မစ္စတီ' နဲ့ သားနှစ်ယောက်ကို အဖိုးအဖွား တို့နဲ့ ကြီးပြင်းခဲ့ရတာ ဖြစ်ပါတယ်။
 
'မစ္စစပန်း' က သူမရဲ့သမီး 'မစ္စတီ' နဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ ပြန်လည်ဆုံတွေခဲ့ပြီး၊ သူတို့နှစ်ဦးဟာ ဒီနှစ် မတ်လထဲမှာ လက်ထပ်ထားခဲ့ကြောင်း အထောက်အထားတွေ တွေ့ခဲ့ပါတယ်။
 
ဒီအဖြစ်ပျက်ကို ပြည်နယ်လူမှုအဖွဲ့အစည်းဌါနက 'မစ္စစပန်း' အိမ်မှာ နေ နေတဲ့ ကလေးတွေရဲ့ လူမှုဖူလုံရေးကိစ္စတွေ လိုက်လံ ဆောင်ရွက်စုံစမ်းတာက စလို့ သိရှိခဲ့ပါတယ်။
 
'ပက်ထရစ်ရှာ' က သမီးဖြစ်သူရဲ့ မွေးစာရင်းမှာ သူ့နာမည်မပါတဲ့အတွက်၊ သူမအနေနဲ့ 'မစ္စတီ' နဲ့ လက်ထပ်ထားတဲ့ ကိစ္စဟာ ဥပဒေကို ချိုးဖောက်တယ်လို့ မယူဆကြောင်း ပြောဆိုပါတယ်။
 
'ပက်ထရစ်ရှာ' ဟာ သူမရဲ့ သားဖြစ်သူ 'ဂျိုဒီ' နဲ့လည်း ၂၀၀၈ ခုနှစ်က လက်ထပ်ခဲ့ဖူးပြီး ၂ နှစ်လောက်အကြာမှာ ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။
 
လတ်တလောမှာတော့ အမျိုးသမီး နှစ်ဦးလုံးကို စတက်ဖန်ကျေးလက် အကျဉ်းထောင်မှာ အာမခံကြေး ဒေါ်လာ ၁၀၀၀ နှင့်တစ်ကွ ထိန်းသိမ်းထားပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ၁၀ နှစ်အထက် ကျခံရဖို့ ရှိပါတယ်။
 
 
အမျိုးအရင်းချာခြင်း လက်ထပ်တာကို အိုကလာဟိုးမားမှာ သွေးသားချင်းစက်ယှက်မှုလို့ သဘောထားပြီး၊ ကာယကံမြောက် စပ်ယှက်ခြင်း မစပ်ယှက်ခြင်းတို့ကို ထည့်တွက်လိမ့်မည်မဟုတ်ပါ။
 
"တန်ဖိုးမရှိတဲ့သူတစ်ယောက်လို့ပဲ ငါထင်တယ်၊ အခုငါ့ညီမကိုပါ ဆွဲနှစ်လိုက်ပြန်ပြီ" 
 
"သူ ငါ့ညီမကို ဒီကိစ္စမျိုးဖြစ်အောင် တစ်မင်လုပ်တာ၊ ဒါကို လူအတော်များများ သိပါတယ်။ ကိုယ့်ရဲ့သားသမီးကို ဒီလိုအဖြစ်မျိုးကြုံအောင် လုပ်တဲ့အမေမျိုးဆိုတာ ဘယ်လိုလူမျိုးလဲ..?"
 
"မင်းက ဒီလိုဖြစ်ချင်တယ်ဆိုရင်တောင် ငါတို့ကလေးတွေက ဘယ်သူမှ ခုလိုမဖြစ်ချင်ကြဘူး၊ အခုတော့ မင်းကြောင့် ငါ့ညီမလေး ထောင်ထဲရောက်နေပြီ။ အမေတစ်ယောက် လိုဘာလို့ မရင်ဆိုင်ရတာလဲ..?"
 
ဟု 'ပက်စရစ်ရှာ' ရဲ့ သားဖြစ်သူ 'ကိုဒီ' က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
 
@Popolay


Follow us on