1. Home
  2. International News

အမြင်မီတာ ၃,၀၀၀ ကျော်ရှိ ကြိုးရထားတွဲတွင် တစ်ညလုံး ပိတ်မိနေသော ခရီးသည်များကို ကယ်တင်နိုင်ခဲ့

International News ก.ย. 09, 2559 view 1,535
စက်တင်ဘာ ၈ ရက် ကြာသပတေးနေ့ ညနေ ၅:၃၀ ခန့်က ပြင်သစ်နိုင်ငံ မောင့်ဘလန့်ခ် တောင်ပေါ်ကို တက်ရောက်ရန် သွယ်တန်းထားသည့် ကြိုးရထားများ သွယ်တန်းထားသည့် ကြိုးများ ရှုပ်ထွေးကာ ရပ်ဆိုင်းသွားတာကြောင့် ကလေးငယ် ၁ ဦး အပါအဝင် လူပေါင်း ၁၁၀ ဦးကျော် အမြင့်မီတာ ၃,၀၀၀ ကျော် တောင်ထွဋ်နှစ်ခုကြား ၃မိုင် အကွာဝေး အထက်တွင် တစ်ညလုံး ရထားတွဲများထဲမှာ ပိတ်မိနေခဲ့ပါတယ်။ 
 
သောကြာနေ့ နံနက်အစောဆုံးအချိန်မှာ အဖွဲ့ဝင် ၃၃ ဦးပါ အရေးပေါ်ကယ်ဆယ်ရေး လုပ်သားများက သွယ်တန်းကြိုးများကို ရှင်းလင်းနိုင်ခဲ့ပြီး ခရီးသွားများကို ဘေးအန္တရာယ်ကင်းရှင်းစွာ ကယ်တင်တိုင်ခဲ့ပါတယ်။
 
အဆိုပါ ကြိုးရထားကို အီတစ်လီနိုင်ငံမှ တောင်ထွဋ်ဖျား နှင့် ပြင်သစ်နိုင်ငံ တောင်ထွဋ်ဖျား တို့ကို ချိပ်ဆက်ထားသည့် လမ်းကြောင်းတစ်ခုဖြစ်ပါပြီး ၁၉၅၈ ခုနှစ်ထဲက စတင် ပြေးဆွဲခဲ့တာပါ။ အမြင့်ပေ ၁၂,၃၉၅ နှင့် ပေ ၁၁,၃၇၁ တောင်ထွဋ် နှစ်ခုကို ပြေးဆွဲနေပြီး ခရီးစဉ် အစဆုံး အချိန် ၃၀ မိနစ်ခန့် ကြာမြင့်ပါတယ်။ မြင်ကွင်းအလွန်ကောင်းသော နေရာဒေသဖြစ်တာကြောင့် ခရီးသွားများအတွက် အထူးစွဲဆောင်မှုရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
 
 
@Popolay


Follow us on