1. Home
  2. International News

အလှအပအတွက်ခွဲစိတ်မှု အကြိမ်သုံးရာကျော်ခံယူခဲ့တဲ့ အဆိုတော်ကြီးရဲ့ဒုက္ခများ

International News ก.ย. 14, 2559 view 1,528

အဆိုတော်ကြီး Pete Burns ဟာ ပြီးခဲ့တဲ့နှစ်ပေါင်း(၂၀)အတွင်းမှာ လူငယ်လေးတစ်ယောက်လို အမြဲတမ်းလှပ နုပျိုနေဖို့ အတွက် ခွဲစိတ်မှု အကြိမ်ပေါင်း သုံးရာကျော်ပြုလုပ်ခဲ့ပါတယ်။အခုချိန်မှာတော့ ခွဲစိတ်မှုရဲ့ဒါဏ်ရာထက် အတော်လေး မခံချိမခံသာ ဒုက္ခတရားတွေ ရင်ဆိုင်နေရပါပြီး။ အခုအခါမှာတော့ သူ့ရဲ့ဒုက္ခတွေကို Channel 5’s Celebrity Botched Up Bodies မှာ ပြန်လည် မျှဝေခဲ့ပါတယ်။ Pete က ” ကျွန်တော်က အရမ်းကို လှပနုပျိုနေချင်ခဲ့လို့ ခွဲစိပ်မှုသုံးရာကျော် ခံယူခဲ့သူ ဖြစ်ပါတယ် … အသက်(80) လောက်မှာ ဘုရားသခင်က သတိမထားမိဘူးဆိုရင်လည်း ကိုယ့်ဘာသာ နတ်ပြည်တက်နိုင်မယ်လို့ ထင်ခဲ့ဖူးပါတယ် … လီဗာပူးမှာတုန်းက ကျွန်တော် လူတစ်ယောက်နဲ့ အချင်းများခဲ့ကြပြီး အဲဒီလူက ကျွန်တော့်ကို ခေါင်းနဲ့တိုက်ခဲ့လို့ နှာခေါင်းရိုး ကျိုးပြီး … တစ်ဘက်ကို စောင်းသွားခဲ့ပါတယ် “လို့ ဆိုပါတယ်။

အဲဒီနောက်မှာ Pete ဟာ ပေါင် (750) အကုန်အကျခံပြီး နှာခေါင်းကို ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ခွဲစိတ်ပြီး ဖန်းတီးလိုက်တဲ့ အလှတရားကို သဘောကျသွားတဲ့ Pete ဟာ နှုတ်ခမ်းနဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဆက်တိုက် ခွဲစိတ်မှုတွေ လုပ်ခဲ့ပါတယ်။ ကြီးမားလှတဲ့ နှုတ်ခမ်းတစ်စုံကြောင့် သူ့ကို ထိုစဉ်က Lip King Of London လို့ တောင် ဂျာနယ်တွေက အမွှန်းတင်ရေးခဲ့ပါသေးတယ်။

ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်အနှံ့လုပ်ထားတဲ့ ခွဲစိတ်မှုတွေဟာ ပိုပြီး အံမ၀င်တော့ပဲ တစ်ဖြည်းဖြည်း ဆိုးကျိုးတွေကို ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ အသက်အန္တရာယ် စိုးရိမ်စရာအခြေအနေတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Pete က “ကျွန်တော့်မှာ နှလုံးနဲ့ အဆုပ်သွေးကြောတွေထဲမှာ သွေးတွေ ခဲပြီး ပိတ်ခဲ့ပါတယ် … အဲဒီနောက် ကားထဲမှာ ကျွန်တော် အသက်ရှုမ၀ ဖြစ်ကာ သတိလစ်နေခဲ့ပြီး ကျွန်တော့် ဒရိုင်ဘာက ဆေးရုံကို အမြန်ပို့ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

Soure : shwemom



Follow us on